Blogger Template by Blogcrowds.

မွေးနေ့မှာ ဆုတောင်းပေးသွားတဲ့၊ ဆုတောင်းပေးဦးမယ့် သူငယ်ချင်း ညီအစ်ကို မောင်နှမများအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်…. လာလည်သူအားလုံးကို လေးစားခင်မင်ပါတယ်…

ဒီ post လေးတင်ရတဲ့ အကြောင်းကတော့ ကျွန်တော့်အမည် ပြောင်းပါတယ်လို့ ပြောချင်လို့ပါခင်ဗျာ…. မိုးသောက်ဆိုတဲ့နာမည်ကို ကြိုက်လို့ အဲဒီနာမည်နဲ့ စရေးဖြစ်ခဲ့ပါတယ်… ဒါပေမယ့် အဲဒီနာမည်က ရှိနေခဲ့ပါတယ်… ကိုမိုးသောက်က ဒီနာမည်နဲ့ blog ရေးနေတာကြာပါပြီ… ဒါကို ကျွန်တော်မသိခဲ့ပါဘူး…. အမှန်အတိုင်းပြောရရင် အရေးအသားကလဲ မကျွမ်းကျင်၊ ဘာကို တင်ပြရမလဲမသိနဲ့ blog စရေးခဲ့တဲ့ July 2008 ကစပြီး ပေါ်ပေါ်ထင်ထင် မကြေငြာခဲ့ပါဘူး… ကိုယ့်အရေးအသားနဲ့ တင်ပြပုံတွေကို အားမရတာရယ်၊ ကျောင်းတဖက်နဲ့ မအားတာရယ် စတဲ့အကြောင်း အမျိုးမျိုးကြောင့်ပါ… အခုတော့ စာရေးဖို့ဆိုရင် စာဖတ်ဖို့လိုတယ်လေ… စာများများဖတ်ချင်လို့၊ သူငယ်ချင်းတွေကိုလဲ ဖတ်ထားမိတာလေးတွေ ပြန်မျှဝေပေးနိုင်ဖို့ ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်…. အခုထိလဲ ကိုယ့်အရေးအသားကို ကိုယ်တိုင် သဘောမကျသေးပါဘူး… လိုအပ်ချက်တွေ အများကြီးရှိနေဆဲပါ… ဆက်လက်ပြီး ကြိုးစားသွားမှာပါ…

နာမည်ပြောင်းဖြစ်တဲ့ အကြောင်းကို ပြောပြီးပြီဆိုတော့ ဘယ်လို ပြောင်းလိုက်တယ်ဆိုတာ ပြောရဦးမယ်… ကျွန်တော့် blog ကို ခဏခဏလာလည်တဲ့ သယ်ရင်းမေဒီဇာ(blog မောင်နှမတွေပေါ့)က မွေးနေ့အတွက်ဆုတောင်းပေးတဲ့ post လေးတစ်ခု ရေးပါတယ်… အဲဒီမှာ ကျွန်တော့်ကို သူက (ရှမ်းလေး)လို့ ခေါ်ထားတယ်…. အဲဒါလေးကို သဘောကျသွားလို့ ပြောင်းလိုက်တာပါ… ဒီနာမည်ဟာ သယ်ရင်းမေဒီ ပေးတဲ့ မွေးနေ့လက်ဆောင်ပါပဲ… အဲဒီအတွက် မေဒီကို အရမ်းအရမ်း ကျေးဇူးတင်ပါတယ်… အဲဒီနာမည်လေးကို ကျွန်တော်ကိုယ်တိုင်လဲ အရမ်းကြိုက်ပါတယ်… ဒါကြောင့် အရင် မိုးသောက် ကနေ မိုးသောက်(ရှမ်းလေး) ဖြစ်သွားပါပြီခင်ဗျာ…. :D

2 Comments:

  1. Anonymous said...
    နာမည်ကို ဒီလောက်ကြိုက်သွားမယ် မထင်ဘူးဗျ။ ခုလို နှစ်သက်တယ် သိရတော့ ၀မ်းသာမိတယ်လေ...
    Anonymous said...
    ကို မိုးသောက်ရေ ကျနော်လည်း ဘလော့ မ၀င်ဖြစ်တာနဲ့ မသိလိုက်ဘူး ဗျာ
    ရပါတယ်ဗျာ နာမည်တူတာပဲ မိုးသောက် ၁ ၂ လုပ်လိုက်တာပေါ့ အဟား ဒါနဲ့ ကို မိုးသောက်က ကျနော့ထက် တစ်နှစ်ကြီးတယ်ဗျ :)
    ဘာပဲ ပြောပြော ညီ အစ်ကိုတွေ ဖွဲ့ ကြတာပေါ့ဗျာ

Post a Comment



Newer Post Older Post Home