နှစ်ယောက်အတူ ထိုင်ချင်တယ်…
အင်း…
ချစ်သူအလိုကျ ဖြစ်စေရပါမယ်…
သူ… ပြုံးပျော်သွားတယ်
ဒါပေမယ့် ကိုယ်…
မျက်ရည်မိုးတွေထဲမှာ
တစ်ယောက်ထဲထိုင်နေရတာ…
သူလဲလေ…
တစ်ယောက်ထဲထိုင်နေရတာပဲ
မျက်ရည်မိုးတွေထဲမှာလေ…
မိုးရာသီကိုချစ်ပေမယ့်
ဝေးကွာခြင်းမိုးတိမ်တွေကိုတော့ မုန်းနေမိတယ် ချစ်သူရယ်…
အဲဒီတိမ်တွေက
မျက်ရည်မိုးတွေရွာစေတယ်လေ…
Labels: ကဗျာ

I love you
I love you baby…..
You know that you came
And you changed my world,
Just like in the movies,
With two lovers in a scene
And she says…
Do you love me
And he says so endlessly…
I love you, girl…
I love you
I love you baby…..
အပေါ်ကပုံက ဒီဇာတ်လမ်းလေးရဲ့ ပိုစတာပုံပါပဲ။ ကြုံရင် ကြည့်လိုက်ပါဦးလို့ တိုက်တွန်းပါတယ်….)
Labels: ကဗျာ
ချစ်သူရယ်…
ငါဟာလေပြေလေးဖြစ်ပြီး မင်းဆံနွယ်ကိုတိုးဝှေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာပန်းတစ်ပွင့်ဖြစ်ပြီး မင်းနှုတ်ခမ်းကိုနမ်းရှိုက်ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာနှင်းငွေ့လေးဖြစ်ပြီး မင်းကိုထွေးပွေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ပန်းရိုင်းလေးတွေ လေပြည်ညင်းနဲ့အတူ ကခုန်တတ်သွားပြီ။
စိတ်ကောက်နေတဲ့ ပန်းကလေးတွေ နံနက်ခင်းအလင်းနဲ့ အတူပြုံးတတ်ခဲ့ပြီ။
အသည်းအရိုင်းနဲ့ကိုလေ… မင်းအလှတို့အောက် ယိမ်းထိုးသွားလိုက်တာ….
Labels: ကဗျာ

ကမ္ဘာတစ်ခြမ်းစီမှာ
ကိုယ်ကလည်း သူ့ကိုလွမ်းလို့ ….
သူကလည်း ကိုယ့်ကိုလွမ်းလို့ ….
(အဲသလို)
အလွမ်းတွေကို တံတားထိုးရင်း
“ တစ်နေ့နေ့” ဆိုတာတွေ
စိုက်ပျိုးဖြစ်ခဲ့ ………
မျှော်လင့်ခြင်းသစ်ပင်
အမြန်ရှင်သန်ထမြောက်ပါတော့….
Labels: ကဗျာ

မိုင်တွေကွာခြား
ဝေးနေငြားလည်း
ရင်မှာတမ်းတ
အမြဲထာဝရ
သတိရနေမှာပါ…
တကယ်လို့များ
သတိရခြင်းဟာ
ငှက်ကလေးတစ်ကောင်ဆို
မင်း……ဆီ…..ကိုယ်
အမြန်ဆုံး ပြန်လာခဲ့မယ်
ချစ်ရယ်…
Labels: ကဗျာ



