Blogger Template by Blogcrowds.

ဝေးကွာခြင်းမိုးတိမ်များ

ချစ်သူက ပြောတယ်…
မိုးရေထဲမှာ
နှစ်ယောက်အတူ ထိုင်ချင်တယ်…
အင်း…
ချစ်သူအလိုကျ ဖြစ်စေရပါမယ်…
သူ… ပြုံးပျော်သွားတယ်
ဒါပေမယ့် ကိုယ်…
မျက်ရည်မိုးတွေထဲမှာ
တစ်ယောက်ထဲထိုင်နေရတာ…
သူလဲလေ…
တစ်ယောက်ထဲထိုင်နေရတာပဲ
မျက်ရည်မိုးတွေထဲမှာလေ…

မိုးရာသီကိုချစ်ပေမယ့်
ဝေးကွာခြင်းမိုးတိမ်တွေကိုတော့ မုန်းနေမိတယ် ချစ်သူရယ်…
အဲဒီတိမ်တွေက
မျက်ရည်မိုးတွေရွာစေတယ်လေ…

0 Comments:

Post a Comment



Newer Post Older Post Home