
ဒီအချိန်ဆိုရင် ဇာတိမြို့လေးမှာ ရှမ်းပြည်သူပြည်သားတွေနဲ့ တိုင်းရင်းသားတွေ ပျော်နေလောက်ပြီ…. ရှမ်းအိုစည်သံတွေ လွင့်ပျံနေလောက်ပြီ... ရှမ်းခေါက်ဆွဲတွေ စားနေလောက်ပြီ… ဟင်းထုပ်၊ ဝက်သားချဉ်၊ ငါးထမင်း၊ မုန့်ညင်းချဉ်၊ ထိုဟူးနွေးနဲ့ ကောက်ညင်းကျည်တောက်ပူပူလေးကို ကိုက်နေကြပြီ…. တစ်မူးရှိလို့ တစ်ပဲလှူကြတဲ့ သူတို့တွေရဲ့ ရိုးသားတဲ့မျက်နှာတွေပေါ်မှာ အပြုံးပန်းတွေဝေဆာနေပြီ… ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းရင်း ရှေ့ဆက်လှမ်းနေကြပြီ...
ပိုစ်တွေအားလုံးက လူငယ်တွေ အကြိုက်ပါပဲ။
ဒါပေမယ့် စေ့စေ့ မဖတ်၊ မကြည့်ရဲခဲ့ဘူး။
အားလုံးအတွက် ပျော်ရွှင်ပါတယ်။