ရင်ထဲက သင်္ကြန် ဆိုတဲ့ အတိုင်းပါပဲ… တကယ်ပဲ ရင်ထဲမှာပဲ ရှိနေခဲ့တာလေ… အပြင်မှာ ပျော်ခွင့် မရခဲ့တာ ကြာပါပြီ… ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန်ဆိုရင် ပျော်တာပါပဲ… ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါဘူး၊ အားလုံး အားလုံးပဲ ပျော်ကြတာပါပဲ… ဟုတ်ပါတယ်နော်… ကလေးလူကြီး အားလုံး ပျော်ကြတဲ့ ကျွန်တော်တို့ နှစ်သစ်ကူး ပွဲတော်ဟာ ကမ္ဘာမှာ ကျွန်တော်တို့ တစ်နိုင်ငံပဲ ရှိတယ်လေ… ဒီနှစ် အတောအတွင်းမှာ မြန်မာနိုင်ငံမှာ သင်္ကြန်ဆိုရင် ရုံးပိတ်ရက်ရှည် ပိတ်ပေးတာလဲ အရမ်း ကောင်းပါတယ်… မိသားစုတွေ ပျော်ပျော်ပါးပါး ဘုရားဖူး ထွက်နိုင်သလို၊ ဘုရားသွား ကျောင်းတက် လုပ်ဖို့လဲ အချိန်တွေ အများကြီး ရပါတယ်… ပြောရမယ်ဆိုရင် သင်္ကြန်မှာ ပျော်စရာ ကောင်းတာ၊ နှစ်သက်ဖွယ် ရိုးရာ ယဉ်ကျေးမှု တွေကို တွေ့ရတာ၊ စုံလို့ပါပဲ… ပြောလို့တောင် မကုန်ပါဘူး… ကျွန်တော့ အတွေ့အကြုံလေး တစ်ခု ပြောပြချင်ပါတယ်… ကျွန်တော် ရောက်နေတဲ့ နိုင်ငံက ဒီနိုင်ငံသူ၊ နိုင်ငံသား ဆရာ၊ ဆရာမနဲ့ သူငယ်ချင်းများကို ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ၊ ပွဲတော်တွေ အကြောင်း ပြောပြရင် သင်္ကြန်ကို အရမ်း စိတ်ဝင်စားပါတယ်… စတုဒီသာ ကျွေးတယ်ဆိုတာ၊ လူကြီးသူမ တွေကို ခေါင်းလျှော် ရေချိုး ပြုစုပေးတယ် ဆိုတာ၊ နှစ်သစ်ကူးကို အတာ ရေလောင်းတယ် ဆိုတာတွေကို အရမ်း သဘောကျကြပါတယ်… နှစ်ဟောင်းက အညစ် အကြေးတွေကို သင်္ကြန်ရေက ဆေးကြော ပေးလိုက်တယ်ဆိုတဲ့ ကျွန်တော်တို့ ယဉ်ကျေးမှုကို အရမ်း သဘောကျနေကြတယ်… အရမ်းကို idea ကောင်းတာပဲလို့ ပြောကြတယ်… ပြီးတော့ ကျွန်တော့်ကို ရေလောင်း သွားကြတယ်လေ… ဟားဟား... ဒီနှစ် သင်္ကြန်တော့ ရေမစိုတော့ဘူးလို့ ထင်ထားတာ… စိုလိုက်တာမှ ရွှဲသွားတာပဲ…. (Blogger သယ်ရင်း မောင်နှမများလဲ လောင်းသွားကြလို့ အွန်လိုင်းပေါ်မှာ ရွှဲသွားသေးတယ်…) တကယ်ပါပဲ… ရင်ထဲက သင်္ကြန်လဲ အနဲနဲ့ အများတော့ ပျော်ခဲ့ပါတယ်… မြန်မာနိုင်ငံ ကိုတော့ အရမ်း သတိရတာပေါ့နော်… အဝေးရောက် မြန်မာများလဲ ပြန်ချင်ရှာ ကြမှာပဲလို့ တွေးမိပါတယ်… အေးဆေးပေါ့နော်… အခုတော့ ခဏ အောင့်ထား လိုက်ကြဦးပေါ့… ပြန်ရောက်ရင် ကဲလို့ရမှာပါ… ဟုတ်တယ်မလား….
(မထည်ဝါချိုရေ… tag ထားတာကြာပြီ… အခုမှ ရေးပေးတဲ့ အတွက် နောက်ကျသွားတဲ့ အတွက် ခွင့်လွတ် ပေးပါခင်ဗျာ… မအားတာနဲ့၊ နေမကောင်း ဖြစ်တာနဲ့၊ ခရီး ထွက်သွားတာနဲ့ အခုမှ ရေးဖြစ်လို့ပါ… blogger မောင်နှမချင်း ခင်လို့ ရေးပေးတာ… နောက်ကျလို့ ဆောရီးပါနော်… ပိတောက်ပန်း ပုံလေးကို Google ကနေ ရှာထားတာပါ...)
ကိုကြီးနဲ့ငယ်လေးက tag လိုက်ပြန်ပြီဗျို့….. ဘာအကြောင်းလဲ ဆိုတော့ မနက်ခင်းမှာ ဘယ်လို နိုးထလာသလဲတဲ့…. ဘယ်လို နိုးထလာသလဲ ဆိုတော့ ဒီလိုပါ… အိပ်ချင် မူးတူးနဲ့ နိုးလာတာပေါ့ဗျာ… ဟီးဟီး…. အလကားနောက်တာပါ… ဒီလိုပါ…. ကျွန်တော်က ကျောင်းတက်နေတာ ဆိုတော့ မနက် စောစော ထရပါတယ်… အရမ်း ဆိုးပါတယ်… ထချင်ဘူးဗျ… စနေနဲ့ တနင်္ဂနွေက လွဲရင်ပေါ့နော်… ကျန်တဲ့ ရက်တွေမှာက ကျောင်းသွားဖို့ကို စောစောထရတာကိုး… နာရီ သံပတ်မြည်တဲ့ အချိန်ဆိုရင် နားထဲမှာ ဗုံးကွဲသလို ခံစားရရော… စနေနဲ့ တနင်္ဂနွေမှာက ကျွန်တော်နဲ့ မဒီမိုးသောက်နဲ့ အွန်လိုင်းမှာ တွေ့ကြတယ်…. G-talk ပြောကြတယ်… အလွမ်း သယ်ကြတယ်ပေါ့ဗျာ… အဟဲ… (သူက မြန်မာနိုင်ငံကနေ အွန်လိုင်း တက်ပါတယ်...) သူလာတဲ့ အချိန်က ကျွန်တော့ဆီမှာ မနက် စောစောပဲ ရှိသေးတယ်… ဒါပေမယ့် အဲဒီရက်တွေ မှာတော့ ဘယ်လောက် စောစော ကျွန်တော် နိုးနေတယ်… ထူးဆန်းတယ်နော်… မနက်ဆိုရင် စိတ်က အလိုလိုပဲ နိုးလာတာ… ဒါပေမယ့် ကျွန်တော်က အိပ်ချင်ယောင် ဆောင်နေတာ… ဘာလို့လဲဆိုတော့ မဒီမိုးသောက်က အာဘွားနဲ့ နှိုးတာကို ခံချင်လို့… အဟီး… (ကိုကြီးနဲ့ ငယ်လေးတို့လိုလေ… :P)
ဒါက ကျွန်တော် ဘယ်လို နိုးထလာလဲ ဆိုတဲ့ အကြောင်းလေးပါပဲ… အခု ကျွန်တော့် အမြင်လေးကို ပြောပြချင်လို့ပါ… ကိုကြီးနဲ့ငယ်လေးက tag လာတော့ ဘာကို စဉ်းစားမိလဲ ဆိုတာလေးပါ… နိုးထလာခြင်းနဲ့ ပတ်သတ်ပြီးတော့ပေါ့နော်… ကျန်းမာရေး ရှုထောင့်ကပါ… လူတစ်ယောက်ဟာ မနက် စောစော ထသင့်ပါတယ်… ဒါ့အပြင် အိပ်ရေးလဲ ဝအောင် အိပ်သင့်ပါတယ်… စောစော ထနိုင်ဖို့ စောစော အိပ်သင့်တယ်လေ… စောစောထ၊ ကိုယ်လက် သန့်စင်၊ ပြီးတော့ အစား များများ စားပေး၊ ညနေစာ လျှော့စား… ဒါလေးတွေကို ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် မနက်တိုင်း မနက်တိုင်း နိုးထလာတဲ့အခါ စိတ်လက် ကြည်လင်ပြီး ခေါင်းရှင်းရှင်းနဲ့ အလုပ်သွားတဲ့ သူတွေ အတွက်လဲ အလုပ်အတွက်၊ ကျောင်းတက်ရမယ့် သူတွေ အတွက်လဲ ကျောင်းစာအတွက် စသဖြင့်ပေါ့နော်၊ စိတ်ကြည် ခေါင်းကြည်နေရင် ဖိအား ကင်းကင်း စိတ်လက် ရှင်းရှင်းနဲ့ သွားလာ လှုပ်ရှား နိုင်မယ်လို့ ထင်ပါတယ်… ကျွန်တော့် အမြင်လေးကို တင်ပြခြင်း ဖြစ်ပါတယ်…
(ကိုကြီးနဲ့ငယ်လေးရေ… ဒီပို့စ်လေးကို ခင်မင်မှု များစွာဖြင့် ရေးပေးပါတယ်နော… )
ဒီပို့စ်လေးကို ရေးဖြစ်သွားတာက သူငယ်ချင်း မိုးခါးလေး tag လိုက်လို့ပါ…. ပို့စ် ခေါင်းစဉ်လေးကို စမြင်မြင်ချင်း သဘောကျမိပါတယ်… ရေးချင်စိတ်နဲ့ ဘာရေးလိုက်မယ် ဆိုတာလဲ ဖြစ်လာတယ်… ဒါပေမယ့် မအားလို့ အခုမှ ရေးရတာပါ…. မအားဘူး ဆိုတာထက် ကွန်ပြူတာကို ကလိလိုက်လို့ အစအဆုံး ပြန်လုပ်နေရတာနဲ့ အခုမှ ပြန်ရေးနိုင်တာပါ… ကျွန်တော်နဲ့ ဘယ်သူတွေများ ဝါသနာတူမလဲ မသိဘူး… တူတဲ့သူ ရှိရင် ပြောနော…
ကျွန်တော့်ရဲ့ ဝါသနာလေးများ အကြောင်းကတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး… ငယ်ငယ်က တော်တော် ချူချာခဲ့တယ်… အဲဒါကြောင့် အခုဆိုရင် အမြဲတမ်း ကျန်းမာနေအောင် အားကစား လိုက်စားတယ်… ဒါကြောင့် ကျွန်တော့် ဝါသနာတွေကို ပြောရမယ်ဆိုရင် အားကစားကို နံပါတ်တစ် အနေနဲ့ ပြောရမှာပါ… အားကစားကတော့ အကုန်နီးပါး ကစားပါတယ်…. ဟိုစပ်စပ် ဒီစပ်စပ်ပေါ့… ဘောလုံးကန်၊ ရေကူး၊ ပင်ပေါင်ရိုက် (စားပွဲတင် တင်းနစ်)၊ Body Fitness နဲ့ တချို့ အားကစားနည်းတွေပါ ကစားဖြစ်တယ်… မြန်မာနိုင်ငံမှာ ကျောင်းတက်တုံးက ဘောလုံး နဲနဲပါးပါး ကန်ဖြစ်တယ်…. အဓိက ဆော့ဖြစ်တာတော့ ပင်ပေါင်ရိုက်တာပါပဲ… တော်တော် စွဲစွဲလမ်းလမ်းကို ဆော့ဖြစ်ခဲ့တာ… အခုထိလဲ ဆော့နေတုံးပါပဲ... ပင်ပေါင်ဘက် (Racket)ကို သွားလေရာမှာ ယူသွားတာ အခုထိပါပဲ… အခု အဆောင်မှာလဲ ပင်ပေါင်စားပွဲခုံ ရှိနေတော့ ကျွန်တော့် အကြိုက်ပေါ့ဗျာ… ညနေဘက်တွေမှာ ပင်ပေါင်ရိုက်တယ်… ပြီးတော့ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား နဲနဲပါးပါး ဆော့ပေးတယ်… ရန်ကုန် ပြန်ရောက်ရင်တော့ ကုက္ကိုင်းမှာ ရေသွားကူးဖြစ်တယ်… အသင်း ဝင်ထားတော့ ရေကူးရတာ အဆင်ပြေတယ်လေ… အားကစားသာ ဝါသနာပါတာ ထူးထူးချွန်ချွန်တော့ မဖြစ်ပါဘူး…
နောက်ထပ် ဝါသနာတစ်ခုက နဲနဲဆန်းတယ်ဗျ… ဒီလို ဒီလို…. အလှမွေး ငါးလေးတွေကို မွေးရတာ… ကျွန်တော်ကလေ ငါးကန် ကြည်ကြည်လေးထဲမှာ ရေမှော်ပင်လေးတွေထည့်၊ ကျောက်စရစ်ခဲလေးတွေ၊ ခရုလေးတွေ၊ ဖန်ဂေါ်လီ လှလှလေးတွေ ထည့်ပြီး အလှဆင်၊ ပြီးတော့ အောက်ဆီဂျင်ပေးတဲ့ စက်ကလေးတပ်ပြီး ငါးလေးတွေ ကူးခတ်နေတာကို ကြည့်ရတာ အရမ်း စိတ်ချမ်းသာတယ်… ၁ဝတန်း ဖြေပြီးတော့ အိမ်မှာ ငါးမွေးတာကို အချိန် တော်တော် ပေးပြီး လုပ်ခဲ့တယ်… မွေးခဲ့တဲ့ ငါးတွေလဲ အများကြီးပဲ…. ရွှေငါး၊ အော်စကာ၊ ဒေါင်းငါး၊ Fighter, Lucky Fish, Tiger, Red Tail, Discuss စုံနေတာပါပဲ… မှတ်မိသလောက် ရေးလိုက်တာ… မမှတ်မိတာတွေ ရှိသေးတယ်… မှတ်မှတ်ရရ အိမ်မှာ ငါးမွေးကန် (၈)ကနှ်ရှိတယ်…. အခုတော့ အဘိုးက ထားစရာနေရာ မရှိလို့ ရောင်းစားလိုက်ပြီတဲ့… :( အဲဒီအချိန်တုံးက ၁ဝတန်းအောင်ရင် ကွန်ပြူတာ သင်တန်းတို့ အင်္ဂလိပ်စာ သင်တန်းတို့ ခေတ်စားလို့ လိုက်တက်ကြတာပေါ့… ကျွန်တော်လဲ ပါတယ်လေ… သင်တန်းမှာ သင်တာတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး… သင်တန်းပြီးရင် အနီးအနားမှာရှိတဲ့ အလှငါးမွေးဆိုင်ကို ပြေးဖို့ပဲ စဉ်းစားနေတာ… ဟားဟား… ငါးမွေးတာနဲ့ ပတ်သတ်တဲ့ စာအုပ် စာတမ်းတွေလဲ ရှာဖတ်တယ်… အခုထိ အိမ်မှာသိမ်းထားတုံးပဲ… Lucky Fish ဆိုတာကို ကြားဖူးကြမလား မသိဘူး… အဲဒီငါးက ဈေးကြီးတယ်လေ… ကျွန်တော် အရမ်းလိုချင်ခဲ့တာ… ဝယ်ဖို့လဲ မတတ်နိုင်ဘူး… အဲဒီတော့ ဘယ်လိုလုပ်လဲဆိုတော့ အကောင်ပေါက်လေး ရောင်းတဲ့ ဆိုင်ကို လိုက်ရှာတာပေါ့… တွေ့တော့ ဈေးက ကျွန်တော် တတ်နိုင်တဲ့ဈေး… စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ ဝယ်လိုက်တာ…. အကောင်လေးက လက်ညိုး လောက်ပဲရှိမယ်… ဈေးသွားတဲ့ အမေနဲ့ အဒေါ်တွေကို ငါးလေးကို ကျွေးဖို့ ပုဇွန်ဆိတ် သေးသေးလေးတွေ မှာရတာလဲ အမောပါပဲ… နောက်ပိုင်း အိမ်မှာ ကျွန်တော် မရှိတဲ့အခါ ငါးတွေကို အစာကျွေးဖို့ ကျွန်တော့် အဖေက တာဝန်ယူပေးပါတယ်… သူလဲ နဲနဲဝါသနာပါတယ်လေ… နောက်ပိုင်းမှာ Lucky Fish က တော်တော် အကောင်ကြီးလာတယ်… အစာကျွေးဖို့ ငါးကန်နား အဖေလာရင် ငါးက ပျော်နေတာပဲလို့ အမေကလဲ ပြောတယ်… ငါးမွေးရတာ တော်တော်လေးကို ကရိကထများပါတယ်.. ဒါပေမယ့်လဲ ငါးကန် ကြည်ကြည်လေးကို မြင်လိုက်ရရင် စိတ်ကို အေးချမ်းသွားတာပဲ… အဲဒါက ငါးမွေးတဲ့ ကျွန်တော့်ဝါသနာပေါ့...
နောက်တစ်ခုက စာဖတ်တာ…. တွေ့သမျှ စာအုပ် အကုန်ဖတ်တာပဲ… ငယ်ငယ်တုံးက ဦးလေး တစ်ယောက်က အလုပ် တာဝန်နဲ့ နယ်ပြောင်းရတော့ သူ့စာအုပ် သေတ္တာကြီးကို ကျွန်တော်တို့ အိမ်မှာ ထားခဲ့တာ… ဘယ်ပြော ကောင်းမလဲ… ကောင်းကောင်း မွှေတာပေါ့… အကုန် ဖတ်ပစ်လိုက်တယ်… နောက်ပိုင်းမှာလဲ စာအုပ်တွေကို တော်တော် များများ ဖတ်ဖြစ်ပါတယ်… အခုတော့ မြန်မာ စာအုပ်တွေ မရှိတဲ့နေရာ ရောက်နေရတယ်… ကွန်ပြူတာနဲ့ ဖတ်လို့က အဆင်မပြေဘူး… ကြာကြာဖတ်ရင် ခေါင်းမူးလာရော… အဲဒါကြောင့် စာဖတ်ချင်လို့ မြန်မာနိုင်ငံ မြန်မြန် ပြန်ရပါစေလို့ ဆုတောင်းနေတာ… (မဒီမိုးသောက်နဲ့ တွေ့ချင်တာလဲ ပါတာပေါ့… :P)
အခု ပြောပြတာတွေက ကျွန်တော့်ရဲ့ အဓိက ဝါသနာတွေပါ… တခြား ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာတွေ ရှိသေးတယ်… ဥပမာ- ကွန်ပြူတာတို့ ဘာတို့ပေါ့… တခြားတော့ ထူးထူးခြားခြား မရှိပါဘူး… ကျန်တာတွေကတော့ သာမာန်ပါပဲ… ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ထင်တာ တစ်ခုတော့ ပြောပြမယ်နော်… ကိုယ် ဝါသနာ ပါတာကို လုပ်နေရရင် စိတ် ချမ်းသာတယ်ဗျ…. ဟုတ်ပါတယ်နော်… လက်ခံမလား မသိဘူး… အဟီး…
(အဓိက ဝါသနာကို မပြောလိုက်ရဘူး... မေ့တတ်ပုံကလေ.... သီချင်း နားထောင်ရတာကို အရမ်း ကြိုက်တယ်လို့ ပြောမယ်ဆိုပြီး ဘယ်လို ကျန်ခဲ့မှန်း မသိဘူး... သီချင်းဖွင့်ပြီး စာရိုက်နေတာတောင် မေ့ဖြစ်အောင် မေ့သွားသေးတယ်... :P သီချင်းလေး နားထောင် နေရတာကို ကြိုက်တာ... မြန်မာသီချင်းရော အင်္ဂလိပ် သီချင်းတွေပါ အားလုံး နားထောင်ဖြစ်တယ်... သီချင်း အမျိုးအစား တော်တော်များများကို ကြိုက်တယ်... အခု လောလောဆယ်မှာ သီချင်းလေးတွေနဲ့ ဆွေးနေတာပေါ့ဗျာ...)
ဒီပို့စ်လေးမြင်ရင် သူငယ်ချင်း မိုးခါးလေး ကျေနပ်မယ်လို့ ထင်ပါတယ်… ဘာမှ မဟုတ်တဲ့ ကျွန်တော့် ဝါသနာလေးတွေကို ပြောပြထားတာပါ…. :P
ညီမလေး ဖူးမွန်က(ကျွန်တော်နဲ့ blogger မောင်နှမလေ) ကျွန်တော့်ကို ဖြေဖို့ tag ထားလို့ ဒီပို့စ်လေးကို တင်ပြလိုက်ပါတယ်… မေးခွန်းတွေ ဖတ်ပြီးတော့ ရီရအခက်၊ ငိုရအခက်နဲ့ဗျာ… ဒါပေမယ့် အမှတ်တရလေး တစ်ခုဖြစ်သွားတယ်… ဒီပို့စ်လေး ဖတ်ပြီးရင် tag လိုက်တဲ့ ညီမလေး ဖူးမွန် ကျေနပ်မယ်လို့ ထင်ပါတယ်… တစ်ခြား ညီအစ်ကို မောင်နှမ သူငယ်ချင်းများလဲ မိုးသောက်(ရှမ်းလေး)ဟာ ကျောင်းတုန်းက တော်တော် သောင်းကျန်းခဲ့တယ် ထင်တယ်လို့ တွေးနေကြတော့မှာပဲ… :D
အောက်ပါမေးခွန်းများကိုဖြေပါ..။
အထက်တန်းကတော့ ရန်ကုန်မှာ အောင်ပါတယ်… ကမ္ဘာအေး ဘုရားလမ်းမှာရှိတဲ့ တရုတ်နာမည် ရှိတဲ့ကျောင်းပါ… (မြန်မာလိုဆိုရင် အုတ်တံတိုင်းလို့ ခေါ်သလိုလိုပဲ... :P)
၂။ ဘယ်နှခုနှစ်က အထက်တန်းပြီးတာလဲ..။ပြောပြနိုင်မလား..။
၂ဝဝဝမှာအောင်ပါတယ်….
၃။ အနှစ်သက်ဆုံးဘာသာက။
သင်္ချာ(စာမကျက်ရလို့)
၎။ ထမင်းစားမုန့် စားဆင်းချိန်တွေ မှတ်မိသေးရဲ့လား...။
မနက် ၉နာရီမှာ မုန့်စားဆင်းတယ် ထင်တယ်… ခေါင်းလောင်းတီးတာနဲ့ မုန့်ဈေးတန်းကို ချက်ချင်း ပြေးတာဆိုတော့ နာရီကြည့်ဖို့ မေ့သွားတယ်….
၅။ကျောင်းမှာ ရောင်းတဲ့ အကြိုက်ဆုံး အစားအစာတွေ စာရင်း ပြုစုကြည့်ပါလား...။
မပြောရင် မရဘူးလား…. အဟဲ… မကြိုက်တာ မရှိဘူး… အကုန်ဆွဲတာပဲ…
၆။ ကျောင်းတုန်းက နာမည်ပြောင်တွေ ရှိခဲ့ဖူးလား...။
မရှိခဲ့ဘူး… (ကိုယ်ကသာ သူများတွေကို လိုက်ခေါ် လိုက်စခဲ့တာ…)
၇။ ကျောင်းဝတ်စုံကို ကောင်းကောင်းမွန်မွန် စည်းကမ်းနဲ့အညီ မဝတ်လို့ ကျောင်းနောက်ကျမှ ဆင်းရတာမျိုးတို့ ဘာတို့ အပြစ်ပေးခံရတာတို့ ရှိဖူးလား..။
အဲဒါတော့ ရှိဘူးဗျ…
၈။ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့ ပတ်သတ်ပြီး သတိပေးတာခံဖူးလား..။
ကိုယ့်ထက် နှစ်တန်းကြီးတဲ့ အစ်မဝမ်းကွဲတစ်ယောက်နဲ့ မုန့်စားဆင်းချိန်မှာ စကားပြောတာ၊ (မောင်နှမ အရင်းတွေလို နေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြပေါ့…) အဲဒါကို ကျောင်းအုပ်ဆရာမကြီးက အတွဲတွေ ထင်ပြီး ဟိုမေးဒီမေး လုပ်တာ ခံရဖူးတယ်… စိတ်ကို ညစ်သွားတာပဲ…
၉။ အထက်တန်း ကျောင်းတုန်းက လေးစားရတဲ့သူတို့၊ အားကျမိတဲ့သူတို့ ရှိလား..။
ရှိတာပေါ့ဗျာ… ကိုယ့် ဆရာ၊ ဆရာမတွေ အားလုံးပေါ့… လေးစားတာနော်… အားကျတာကတော့ သိတယ်မလား… တောင်ကြီးသားဆိုတော့ ဒိုးလုံး၊ အယ်နောင်း၊ အယ်ဖြူ၊ မောင်မောင်ဇော်လတ် စတဲ့စတဲ့ တောင်ကြီးက အဆိုတော်၊ တေးရေးဆရာတွေ အားလုံးကို အားကျတာ…
၁ဝ။ တစ်တန်းလုံးရှေ့မှာ အပြစ်ပေးခံရတာမျိုး မှတ်မှတ်ရရရှိဖူးလား..။
ဟားဟား… ရှိပါ့… ရှိပါ့… တစ်တန်းလုံးရှေ့မှာရော၊ နောက်မှာရော၊ အပြင်မှာပါ စုံနေတာပဲ… အခုတော့ အဲဒါတွေဟာ အမှတ်တရ ဖြစ်နေသလို ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရင်လဲ ဟာသတွေအဖြစ် အမြဲတမ်း ပြောဖြစ်တာတယ်…
၁၁။ အတန်းလစ်ဖူးလား..။ လစ်ပြီးဘာလုပ်ကြလဲ...။
ဘယ်ပြောကောင်းမလဲ… ၁ဝတန်းမှာ Physics၊ ပထဝီ သင်တဲ့ ဆရာမတွေက အရမ်းအေးတာ… သူတို့အချိန်ဆို လစ်ပြီ…. ပြီးရင် မုန့်ဈေးတန်းမှာ ကောက်ညှင်းပေါင်းနဲ့ ဝက်သားတုတ်ထိုး သွားတီးတာ….
၁၂။ အပြစ်ပေးခံရခါနီးကနေ လွတ်မြောက်သွားဖူးလား..။
တစ်ခါမှ မလွတ်မြောက်ဖူးဘူး… လွတ်မြောက်စရာ လမ်းမရှိလို့… ဟီးဟီး…
၁၃။ ကျောင်းပိုင်ပစ္စည်းကို ဖျက်ဆီးဖူးလား..။
နိုး… လုံးဝပဲ… မလုပ်ဖူးပါဘူး…
၁၄။ ဆရာဆရာမတွေကို ငိုအောင်လုပ်ဖူးလား...။
ပျော်လို့ မျက်ရည်ကျတာမျိုး ဖြစ်အောင်တော့ လုပ်ခဲ့မိတယ်…. ပီတိမျက်ရည်ပေါ့နော်…
၁၅။ အထက်တန်း ကျောင်းသားဘဝမှာ အကြိုက်ဆုံးဆရာ၊ ဆရာမက...။
အကုန်လုံးပါပဲ….
၁၆။ အရယ်ရဆုံး/ အသံအကျယ်ဆုံး/ သူများနဲ့မတူ အထူးခြားဆုံး ဆရာ/ဆရာမ မှတ်မိတာရှိလား..။
ထူးခြားတာ တစ်ခုရှိတဲ့ ဆရာမတော့ မှတ်မိတယ်… မြန်မာစာသင်တာ… စကားတစ်ခွန်းပြောပြီးတိုင်း (နော်..) လို့ အမြဲတမ်းပြောတယ်…
၁၇။ ကျောင်းတုန်းက Popular ဖြစ်လား...။
တောင်ကြီးမှာ နေခဲ့တုံးက တစ်ကျောင်းလုံး ကိုယ့် အသိတွေချည်းပဲ…. ရန်ကုန်ကို အထက်တန်းမှာ ပြောင်းလာတော့ ခပ်ကုပ်ကုပ်ပဲ နေတော့တာနဲ့ Popular ဖြစ်ဖို့ နေနေသာသာ ပျောက်နေလို့တောင် လိုက်ရှာရဦးမယ်…
၁၈။ သူငယ်ချင်း အုပ်စုတွေဖွဲ့ နေတတ်လား..။ လူအများကြီးရှိတဲ့ အုပ်စုမျိုးနဲ့ ပေါင်းဖြစ်လား..။ လူနည်းနည်းနဲ့ပဲ ပေါင်းဖြစ်လား..။
အများကြီးနဲ့လဲ ကဲတာပဲ… နဲနဲလေးနဲ့လဲ ကဲတာပဲ… အဲ… တစ်ယောက်ထဲဆိုရင်တော့ ငြိမ်နေတတ်တာပေါ့…
၁၉။ အခင်ဆုံး သူငယ်ချင်းက ဘယ်သူလဲ..။
အခင်ဆုံးရယ်လို့တော့ မရှိပါဘူး… တွဲဖြစ်တာ များတာတော့ ရှိတယ်.. ဆိုးဖော်ဆိုးဖက်တွေလေ… ခင်တာတော့ အများကြီးပဲ…
၂ဝ။ အတန်းထဲက သူငယ်ချင်းတွေမှာကော နာမည်ပြောင် ထူးထူးဆန်းဆန်းတွေ ရှိကြလား..။
အင်း… ရှိတယ်… အခုထိ မှတ်မိနေတာဆိုရင်…..
ပြောတော့ဘူးနော… တော်ကြာ ဘယ်သူလဲ ရိပ်မိသွားဦးမယ်… ဟီးဟီး…
၂၁။ ပျော်စရာ အကောင်းဆုံး မှတ်မိနေတဲ့နေ့လေးကို ပြောပြပါလား..။
အထက်တန်းမှာတော့ မဟုတ်ဘူး.. အလယ်တန်းမှာ… တောင်ကြီးမှာ… (၇)တန်းနှစ်ကုန်တော့ ဆရာ၊ ဆရာမတွေကို ကန်တော့တဲ့နေ့… သူငယ်ချင်းမ တစ်ယောက်အိမ်မှာ လုပ်တာ… အရမ်းပျော်စရာ ကောင်းတယ်…
၂၂။ ကျောင်းမှာ ဒဏ်ရာရဖူးတာရှိလား..။
ရှိတယ်… ချော်လဲ၊ ဒူးပြဲ၊ တံတောင်ပြဲ၊ လက်ဓါးရှ၊ ငုတ်စူး… အိုး.. စုံနေတာပဲ….
၂၃။ ကျောင်းမှာ ကိုယ်ပထမဆုံး ကြိုက်နှစ်သက်ခဲ့တဲ့သူက ဘယ်သူလဲ..။
တစ်ယောက်ပဲပြောရမှာလား.… အကုန်ပြောရမလား… စာမျက်နှာမဆန့်လောက်ဘူးထင်တယ်… ဟားဟား… နောက်တာနော်… တကယ် ဟုတ်ဘူး…
၂၄။ အဲဒီနှစ်သက်တဲ့သူနဲ့ အခြေအနေ ကောင်းခဲ့ရဲ့လား..။
မရှိပါဘူးဆို….
၂၅။ ကျောင်းတုန်းက တယောက်ယောက်နဲ့ သူငယ်ချင်းထက်ပိုတဲ့ (ချစ်သူအဆင့်) ဆက်ဆံရေးမျိုး ရှိခဲ့ဖူးလား..။
တော်တော်အထင်ကြီးတာပဲ…. အဟားတော့ ခံရတော့မှာပဲ…. ဟားဟား…
၂၆။ ကျောင်းက သင့်ဘဝမှာ လွှမ်းမိုးမှုရှိခဲ့ရဲ့လား..။ ကျောင်းစာအပြင် ဘာတွေ ထူးထူးခြားခြား သင်ပေးခဲ့လဲ..။
လွှမ်းမိုးတာပေါ့ဗျာ… ကျောင်းစာအပြင် ဘဝစာတွေပါ အများကြီး သင်ပေးလိုက်တာပေါ့….
၂၇။ ကျောင်းသီချင်း.. ဒါမှမဟုတ်.. ကျောင်းမှာဆိုရတဲ့ သီချင်းတွေ မှတ်မိသေးလား..။ ဘာတွေဆိုရလဲ..။
မြန်မာနိုင်ငံတော်သီချင်း… မနက်တိုင်းဆိုရတယ်… စာသင်ခန်းကို ပြန်လာရင် အပေါ်ထပ်တက်တဲ့ လှေကားမှာ အခန်းထဲက ယောက်ျားလေး သူငယ်ချင်းတွေ အားလုံး အဆိုတော် ဟန်ထွန်းရဲ့ တေလေမလေး သီချင်းကို ဝိုင်းအော်ကြတာ အခုထိ မှတ်မိနေတုန်းပါပဲ….
၂၈။ အမှတ်တရ ဖြစ်နေတဲ့ မေးခွန်းမျိုးရှိလား..။
ထူးထူးခြားခြား သတိထားမိတာတော့ မရှိပါဘူး….
၂၉။ ထူးထူးခြားခြား မှတ်မိနေတဲ့ နောင်တရခဲ့တဲ့ ကိစ္စများရှိလား..။
ကိုယ်က ပျော်စေချင်လို့ လျှောက်နောက်လိုက်တာ… တချို့ကိစ္စတွေက မရည်ရွယ်ပဲ ဆရာ၊ ဆရာမတွေ စိတ်အနှောင့် အယှက်ဖြစ်သွားရတယ်… အဲဒါတွေကိုတော့ နောင်တရမိတယ်…
၃ဝ။ကျောင်းနောက်ဆုံးနေ့ ဘာတွေလုပ်ခဲ့ကြလဲ..။
အထက်တန်းကျောင်းမှာတော့ (ရန်ကုန်မှာ) ဘာမှမလုပ်ဖြစ်ခဲ့ဘူး… တောင်ကြီးမှာတုန်းကတော့ လက်ဆောင်တွေလဲကြ နုတ်ဆက်ကြပေါ့…. အရမ်းကို ပျော်စရာ ကောင်းခဲ့ပါတယ်… အခုထိလဲ ငယ်သူချင်းတွေကို သတိရနေတုန်းပါပဲ… ပြန်တွေ့ဖြစ်ကြရင် ငယ်ငယ်တုန်းက အကြောင်းတွေကို မနားတမ်း ပြန်ပြောပြီး ရယ်ကြရတာလဲ အမောပါပဲ… တချို့သူငယ်ချင်းတွေဆိုရင် အဲဒီကတဲက ပြန်မတွေ့ဖြစ်တော့တာ အခုထိပါပဲ… ဒီပို့စ်လေးကို ငယ်သူငယ်ချင်းတွေ ဖတ်မိရင် သူတို့လဲ ငယ်ငယ်က ကျောင်းသားဘဝကို ပြန်သတိရမှာပါ…..


