Blogger Template by Blogcrowds.

ချစ်သောဖေဖော်ဝါရီ....

February လဟာ ကျွန်တော့်အတွက်တော့ အရမ်းကို အဓိပ္ပါယ်ရှိပါတယ်… ဒီလလေးကို ချစ်လဲချစ်ပါတယ်… ဘာဖြစ်လို့လဲဆိုတော့ ဒီလမှာ ကျွန်တော့ကို မွေးခဲ့တယ်… ဒီလထဲမှာပဲ ကျွန်တော့်ကောင်မလေးကို စချစ်မိသွားတယ်… ကျွန်တော့်ကောင်မလေးနဲ့ ချစ်သူတွေစဖြစ်ခဲ့တာလဲ ဒီလထဲမှာပါပဲ… (စချစ်မိပြီး တစ်နှစ်လောက်ကြာမှ ချစ်သူတွေဖြစ်တာနော်… ချက်ချင်းဟုတ်ဘူး… :D) ချစ်သူစုံတွဲတွေအတွက် အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ Valentine’s Day ရှိတယ်… နောက်တစ်ခုက ရှမ်းပြည်နယ်နေ့လဲရှိတယ်… (ကျွန်တော်က ရှမ်းသွေးနဲ့ ဗမာသွေးတစ်ဝက်စီရောတဲ့ ဟိုမရောက်ဒီမရောက်ပါ… တလက်စထဲ ရှက်ရှက်နဲ့ ဝန်ခံလိုက်ပါ့မယ်… ရှမ်းစကားလဲ မတတ်ဘူးခင်ဗျ… ဟီးဟီး…)

ရှမ်းပြည်နယ်မှာကြီးပြင်းခဲ့တဲ့အတွက် ရိုးသားတဲ့ တိုင်းရင်းသားတွေကိုလဲ ချစ်ခင်မိပါတယ်… ငယ်ငယ်တုံးကဆို ရှမ်းပြည်နယ်နေ့ရောက်ပြီဆိုရင် အရမ်းပျော်တာ… ပွဲလမ်းသဘင်တွေနဲ့ ရှမ်းအိုးစည်သံတွေနဲ့လေ… ရှမ်းအိုးစည်သံကြားရင် က ချင်နေတာ အခုအချိန်ထိပါပဲ… ဖေဖော်ဝါရီလဆိုရင် ကျွန်တော့်ဇာတိမြို့လေးက မြူတွေအုံ့ဆိုင်းပြီးတော့ အရမ်းလှတာပေါ့… တကယ်ပါပဲ… ဒီလဟာ ကျွန်တော့်အတွက် အမှတ်ရစရာတွေ ပြည့်နှက်နေတဲ့လပါပဲ… ဒါကြောင့် ဒီPostလေးကို "ချစ်သောဖေဖော်ဝါရီ"လို့ အမည်ပေးလိုက်ပါရစေ…

1 Comment:

  1. Anonymous said...
    မရှက်ပါနဲ့ဟာ... နာလည်း ရှမ်းစကားနားမလည်ဘူးဟ... ဟီးးးး

Post a Comment



Newer Post Older Post Home