“ခံစားချက်များကို အဆုံးစွန်ထိရောက်စေတာ အချစ်” လို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်… ကျွန်တော့်အမြင်ပေါ့နော်… သယ်ရင်းတို့တော့ ဘယ်လိုမြင်လဲမသိဘူး… :D
Labels: ချစ်သူသို့ ..., အချစ်
အားလပ်တဲ့ အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးရှိနေတာလဲ သေချာပါတယ် သူ့ကို ချစ်မိသွားလို့ပဲ။
သူနဲ့ပက်သက်အမျှအရာအားလုံးကို နေ့တိုင်းနေ့တိုင်း ဂရုတစိုက် အလေးထားတယ်ဆိုရင်လည်း သေချာပါတယ် သူ့ကို ချစ်မိလို့ပါပဲ။
ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက message ဒါမှမဟုတ် ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။
သူနဲ့အတူ နှစ်ယောက်တည်း စကားပြောရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။
အတူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင်လိုက်ရှာတတ်တာ သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
သူဖျားနေနေရင်၊ ထိခိုက်ဒဏ်ရာရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ ပဲ။
တစ်ခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို သဝန်တိုမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။
သူ့ရဲ့ ချိုမြမြအပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်နေရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။
သူ့အကြောင်း၊ သူ့သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။
သူပေးတဲ့ လက်ဆောင်လေးတွေကို အမှတ်တရသိမ်းထားတယ် ဆိုရင်လည်း သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။
သူနဲ့ chat နေရင်း offline ဖြစ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ သေချာပါတယ် သူ့ကို ချစ်နေလို့ပါပဲ။
ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို သတိရနေမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။
ချစ်တဲ့ သူတိုင်း ပျော်ရွှင်ကြပါစေ……
Labels: အချစ်
အချစ်ဆိုတာ မီးအိမ်တစ်အိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မငြိမ်းနိုင်ဘူး။
Henry H.Hansa
အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe
အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။
Shakespeare
အချစ်ဟာ ဘဝကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။
Johann W.Goethe
လူတွေရဲ့အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier
အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။
History Myers
ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘဝမှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac
- အချစ်လဆန်း ၁ ရက်နေ့ တိုင်းတာချက်အရ နှလုံးသားမြို့ကို ဗဟိုပြု၍ ချစ်သူအနီးတဝိုက်တွင် အချစ်မုန်တိုင်းတစ်ခု အားပြုလျက်ရှိပါသည်။
- ထိုမုန်တိုင်းသည် ပိုမိုအားကောင်းလာကာ အသဲကမ်းရိုးတန်း တလျှောက်နှင့် ရင်ဘတ်ပင်လယ်ပြင်တို့တွင် အချစ်လေပြင်းများ ကျရောက်ပြီး ဝေဒနာလှိုင်းကြီးနိုင်ပါသည်။
- အချစ်လေပြင်းကျစဉ် ရင်ခုန်နှုန်း အတိုင်းအတာသည် တစ်စက္ကန့်လျှင် အကြိမ်၁၅ဝဝအထိ ပြင်းထန်နိုင်ပါသည်။
(Forward mail တခုမှပြန်လည်ဖော်ပြထားတာပါ... နဲနဲလေးပြင်ရေးထားပါတယ်...)
Labels: အချစ်

အချစ်ဆိုတာ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား။
အတိအကျတော့ ဘယ်သူမှ
ပြောနိုင်မယ်မထင်ဘူးလေ။
ဘာဖြစ်လို့လဲ ဆိုတော့
အချစ် ဆိုတာ
အရမ်းခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်နဲ့တူတယ်လေ။
တခါတလေကျတော့လဲ
အရမ်းလွယ်တဲ့ ပုစ္ဆာဖြစ်နေပြန်ရော။
အဲဒါကို လက်ခံလား?
ထူးဆန်းတယ်နော်...
အချစ်ဆိုတာ ကိုယ့်ကြောင့် သူတပါး
(ကိုယ်ချစ်တဲ့သူ) စိတ်ချမ်းသာသွားတာမျိုး
ဖြစ်မယ်ထင်တယ်နော်…..
Labels: အချစ်
အရမ်းရိုးရှင်းတဲ့ စကားလေးတစ်ခွန်းပါ...
ချစ်သူတွေအတွက်တော့
ဘယ်တော့မှ မရိုးသွားတာ
အံ့သြစရာမဟုတ်ပါဘူးလို့ထင်ပါတယ်...
ဘာဖြစ်လို့လဲဆိုတာ ဘယ်သူပြောနိုင်မလဲ မသိဘူးနော်....
Labels: အချစ်



