Blogger Template by Blogcrowds.
ဝါသနာလေးများ
ဒီပို့စ်လေးကို ရေးဖြစ်သွားတာက သူငယ်ချင်း မိုးခါးလေး tag လိုက်လို့ပါ…. ပို့စ် ခေါင်းစဉ်လေးကို စမြင်မြင်ချင်း သဘောကျမိပါတယ်… ရေးချင်စိတ်နဲ့ ဘာရေးလိုက်မယ် ဆိုတာလဲ ဖြစ်လာတယ်… ဒါပေမယ့် မအားလို့ အခုမှ ရေးရတာပါ…. မအားဘူး ဆိုတာထက် ကွန်ပြူတာကို ကလိလိုက်လို့ အစအဆုံး ပြန်လုပ်နေရတာနဲ့ အခုမှ ပြန်ရေးနိုင်တာပါ… ကျွန်တော်နဲ့ ဘယ်သူတွေများ ဝါသနာတူမလဲ မသိဘူး… တူတဲ့သူ ရှိရင် ပြောနော…
ကျွန်တော့်ရဲ့ ဝါသနာလေးများ အကြောင်းကတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး… ငယ်ငယ်က တော်တော် ချူချာခဲ့တယ်… အဲဒါကြောင့် အခုဆိုရင် အမြဲတမ်း ကျန်းမာနေအောင် အားကစား လိုက်စားတယ်… ဒါကြောင့် ကျွန်တော့် ဝါသနာတွေကို ပြောရမယ်ဆိုရင် အားကစားကို နံပါတ်တစ် အနေနဲ့ ပြောရမှာပါ… အားကစားကတော့ အကုန်နီးပါး ကစားပါတယ်…. ဟိုစပ်စပ် ဒီစပ်စပ်ပေါ့… ဘောလုံးကန်၊ ရေကူး၊ ပင်ပေါင်ရိုက် (စားပွဲတင် တင်းနစ်)၊ Body Fitness နဲ့ တချို့ အားကစားနည်းတွေပါ ကစားဖြစ်တယ်… မြန်မာနိုင်ငံမှာ ကျောင်းတက်တုံးက ဘောလုံး နဲနဲပါးပါး ကန်ဖြစ်တယ်…. အဓိက ဆော့ဖြစ်တာတော့ ပင်ပေါင်ရိုက်တာပါပဲ… တော်တော် စွဲစွဲလမ်းလမ်းကို ဆော့ဖြစ်ခဲ့တာ… အခုထိလဲ ဆော့နေတုံးပါပဲ... ပင်ပေါင်ဘက် (Racket)ကို သွားလေရာမှာ ယူသွားတာ အခုထိပါပဲ… အခု အဆောင်မှာလဲ ပင်ပေါင်စားပွဲခုံ ရှိနေတော့ ကျွန်တော့် အကြိုက်ပေါ့ဗျာ… ညနေဘက်တွေမှာ ပင်ပေါင်ရိုက်တယ်… ပြီးတော့ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား နဲနဲပါးပါး ဆော့ပေးတယ်… ရန်ကုန် ပြန်ရောက်ရင်တော့ ကုက္ကိုင်းမှာ ရေသွားကူးဖြစ်တယ်… အသင်း ဝင်ထားတော့ ရေကူးရတာ အဆင်ပြေတယ်လေ… အားကစားသာ ဝါသနာပါတာ ထူးထူးချွန်ချွန်တော့ မဖြစ်ပါဘူး…
နောက်ထပ် ဝါသနာတစ်ခုက နဲနဲဆန်းတယ်ဗျ… ဒီလို ဒီလို…. အလှမွေး ငါးလေးတွေကို မွေးရတာ… ကျွန်တော်ကလေ ငါးကန် ကြည်ကြည်လေးထဲမှာ ရေမှော်ပင်လေးတွေထည့်၊ ကျောက်စရစ်ခဲလေးတွေ၊ ခရုလေးတွေ၊ ဖန်ဂေါ်လီ လှလှလေးတွေ ထည့်ပြီး အလှဆင်၊ ပြီးတော့ အောက်ဆီဂျင်ပေးတဲ့ စက်ကလေးတပ်ပြီး ငါးလေးတွေ ကူးခတ်နေတာကို ကြည့်ရတာ အရမ်း စိတ်ချမ်းသာတယ်… ၁ဝတန်း ဖြေပြီးတော့ အိမ်မှာ ငါးမွေးတာကို အချိန် တော်တော် ပေးပြီး လုပ်ခဲ့တယ်… မွေးခဲ့တဲ့ ငါးတွေလဲ အများကြီးပဲ…. ရွှေငါး၊ အော်စကာ၊ ဒေါင်းငါး၊ Fighter, Lucky Fish, Tiger, Red Tail, Discuss စုံနေတာပါပဲ… မှတ်မိသလောက် ရေးလိုက်တာ… မမှတ်မိတာတွေ ရှိသေးတယ်… မှတ်မှတ်ရရ အိမ်မှာ ငါးမွေးကန် (၈)ကနှ်ရှိတယ်…. အခုတော့ အဘိုးက ထားစရာနေရာ မရှိလို့ ရောင်းစားလိုက်ပြီတဲ့… :( အဲဒီအချိန်တုံးက ၁ဝတန်းအောင်ရင် ကွန်ပြူတာ သင်တန်းတို့ အင်္ဂလိပ်စာ သင်တန်းတို့ ခေတ်စားလို့ လိုက်တက်ကြတာပေါ့… ကျွန်တော်လဲ ပါတယ်လေ… သင်တန်းမှာ သင်တာတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး… သင်တန်းပြီးရင် အနီးအနားမှာရှိတဲ့ အလှငါးမွေးဆိုင်ကို ပြေးဖို့ပဲ စဉ်းစားနေတာ… ဟားဟား… ငါးမွေးတာနဲ့ ပတ်သတ်တဲ့ စာအုပ် စာတမ်းတွေလဲ ရှာဖတ်တယ်… အခုထိ အိမ်မှာသိမ်းထားတုံးပဲ… Lucky Fish ဆိုတာကို ကြားဖူးကြမလား မသိဘူး… အဲဒီငါးက ဈေးကြီးတယ်လေ… ကျွန်တော် အရမ်းလိုချင်ခဲ့တာ… ဝယ်ဖို့လဲ မတတ်နိုင်ဘူး… အဲဒီတော့ ဘယ်လိုလုပ်လဲဆိုတော့ အကောင်ပေါက်လေး ရောင်းတဲ့ ဆိုင်ကို လိုက်ရှာတာပေါ့… တွေ့တော့ ဈေးက ကျွန်တော် တတ်နိုင်တဲ့ဈေး… စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ ဝယ်လိုက်တာ…. အကောင်လေးက လက်ညိုး လောက်ပဲရှိမယ်… ဈေးသွားတဲ့ အမေနဲ့ အဒေါ်တွေကို ငါးလေးကို ကျွေးဖို့ ပုဇွန်ဆိတ် သေးသေးလေးတွေ မှာရတာလဲ အမောပါပဲ… နောက်ပိုင်း အိမ်မှာ ကျွန်တော် မရှိတဲ့အခါ ငါးတွေကို အစာကျွေးဖို့ ကျွန်တော့် အဖေက တာဝန်ယူပေးပါတယ်… သူလဲ နဲနဲဝါသနာပါတယ်လေ… နောက်ပိုင်းမှာ Lucky Fish က တော်တော် အကောင်ကြီးလာတယ်… အစာကျွေးဖို့ ငါးကန်နား အဖေလာရင် ငါးက ပျော်နေတာပဲလို့ အမေကလဲ ပြောတယ်… ငါးမွေးရတာ တော်တော်လေးကို ကရိကထများပါတယ်.. ဒါပေမယ့်လဲ ငါးကန် ကြည်ကြည်လေးကို မြင်လိုက်ရရင် စိတ်ကို အေးချမ်းသွားတာပဲ… အဲဒါက ငါးမွေးတဲ့ ကျွန်တော့်ဝါသနာပေါ့...
နောက်တစ်ခုက စာဖတ်တာ…. တွေ့သမျှ စာအုပ် အကုန်ဖတ်တာပဲ… ငယ်ငယ်တုံးက ဦးလေး တစ်ယောက်က အလုပ် တာဝန်နဲ့ နယ်ပြောင်းရတော့ သူ့စာအုပ် သေတ္တာကြီးကို ကျွန်တော်တို့ အိမ်မှာ ထားခဲ့တာ… ဘယ်ပြော ကောင်းမလဲ… ကောင်းကောင်း မွှေတာပေါ့… အကုန် ဖတ်ပစ်လိုက်တယ်… နောက်ပိုင်းမှာလဲ စာအုပ်တွေကို တော်တော် များများ ဖတ်ဖြစ်ပါတယ်… အခုတော့ မြန်မာ စာအုပ်တွေ မရှိတဲ့နေရာ ရောက်နေရတယ်… ကွန်ပြူတာနဲ့ ဖတ်လို့က အဆင်မပြေဘူး… ကြာကြာဖတ်ရင် ခေါင်းမူးလာရော… အဲဒါကြောင့် စာဖတ်ချင်လို့ မြန်မာနိုင်ငံ မြန်မြန် ပြန်ရပါစေလို့ ဆုတောင်းနေတာ… (မဒီမိုးသောက်နဲ့ တွေ့ချင်တာလဲ ပါတာပေါ့… :P)
အခု ပြောပြတာတွေက ကျွန်တော့်ရဲ့ အဓိက ဝါသနာတွေပါ… တခြား ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာတွေ ရှိသေးတယ်… ဥပမာ- ကွန်ပြူတာတို့ ဘာတို့ပေါ့… တခြားတော့ ထူးထူးခြားခြား မရှိပါဘူး… ကျန်တာတွေကတော့ သာမာန်ပါပဲ… ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ထင်တာ တစ်ခုတော့ ပြောပြမယ်နော်… ကိုယ် ဝါသနာ ပါတာကို လုပ်နေရရင် စိတ် ချမ်းသာတယ်ဗျ…. ဟုတ်ပါတယ်နော်… လက်ခံမလား မသိဘူး… အဟီး…
(အဓိက ဝါသနာကို မပြောလိုက်ရဘူး... မေ့တတ်ပုံကလေ.... သီချင်း နားထောင်ရတာကို အရမ်း ကြိုက်တယ်လို့ ပြောမယ်ဆိုပြီး ဘယ်လို ကျန်ခဲ့မှန်း မသိဘူး... သီချင်းဖွင့်ပြီး စာရိုက်နေတာတောင် မေ့ဖြစ်အောင် မေ့သွားသေးတယ်... :P သီချင်းလေး နားထောင် နေရတာကို ကြိုက်တာ... မြန်မာသီချင်းရော အင်္ဂလိပ် သီချင်းတွေပါ အားလုံး နားထောင်ဖြစ်တယ်... သီချင်း အမျိုးအစား တော်တော်များများကို ကြိုက်တယ်... အခု လောလောဆယ်မှာ သီချင်းလေးတွေနဲ့ ဆွေးနေတာပေါ့ဗျာ...)
ဒီပို့စ်လေးမြင်ရင် သူငယ်ချင်း မိုးခါးလေး ကျေနပ်မယ်လို့ ထင်ပါတယ်… ဘာမှ မဟုတ်တဲ့ ကျွန်တော့် ဝါသနာလေးတွေကို ပြောပြထားတာပါ…. :P
12 Comments:
  1. Sein Lyan Tun said...
    အကို့ ညီ နဲ့ ညီမလေးက ငါးမွေးတာဝါသနာပါတယ်..
    ငယ်ငယ်ကသူတို့ ငါးတွေမွေးကြတယ်လေ..
    စေတနာ နဲ့ ငါးကန်ကို ရေအမြဲကြည်အောင်ဆိုပြီး
    ကျောက်ချဉ်တွေထည့်ထားလိုက်တာ
    နောက်နေ့ ကြတော့ ငါးတွေအားလုံး ရေပေါ်မှာ
    ပေါလော ပေါ်နေကြတယ်လေ..
    ညီမလေးဆိုငိုလိုက်တာ နှစ်ရက်နီးပါပဲ..
    အငယ်လေးလဲ အဲဒီအချိန်ကစပြီးငါးမမွေးတော့ဘူး..
    အခုညီ့ဝါသနာလေးကိုဖတ်တော့ အငယ်နှစ်ယောက်ကိုသတိရသွားတယ်..သူတို့ ကအလှငါးလေးတွေချစ်တယ်..
    အကိုတော့ ဘာမှမချစ်ဘူး...
    ခင်မင်စွာဖြင့်
    ဖိုးစိန်
    molay88 said...
    ကောင်လေး တောင် အခုနကဘဲ table tennis ဆော့ပြီး ပြန်လာတာ ၀ါသနာတွေတူနေပြီ အစ်ကိုရေ..။
    မီးမီးငယ် ရဲ့  ထည်ဝါချို said...
    ရေကူးတာဘဲနည်းနည်းတူသွားတယ်
း)
    သြော် မေ့လို့ 
    စာဖတ်တာပါတယ်
း)
    မိုးခါး said...
    အင်း .. ရေးပေးလို့ကျေးဇူးနော် .. ရန်ကုန်ကို မြန်မြန်ပြန်နိုင်ပြီးစာအုပ်တွေဖတ်နိုင်ပါစေ .. မဒမ်မိုးသောက်နဲ့လည်း မြန်မြန်ဆုံတွေ့နိုင်ပါစေ ..း) ကိုယ်ကတော့ ဘာအကောင်လေးတွေမှ မွေးဖို့ ၀ါသနာမပါဘူး .. :D အလုပ်ရှုပ်လို့ ကိုယ့်အလုပ်တောင်ကိုယ်လုပ်ချင်တာမဟုတ်ဘူး .. (ပေါ်ဘီး()
    mgnge said...
    ဟဟ
    လမ်းကြုံရင် တင်းနစ်တစ်ပွဲ လောက်ဆော့ ချင်သေး ပါ့..။
    ရွှေပြည်သူ (ShwePyiThu) said...
    This comment has been removed by the author.
    ရွှေပြည်သူ (ShwePyiThu) said...
    စာဖတ်တာ ၀ါသနာပါတာနဲ့ computer နဲ့ စာသိပ်မဖတ်တတ်တာချင်း တူတယ် မောင်လေး မိုးသောက်ရေ... ဆန္ဒရှိသလို မြန်မာနိုင်ငံ မြန်မြန်ပြန်ရပါစေလို့ ဆုတောင်းပေးပါတယ်...း)
    မမသီရိ said...
    စာဖတ်တာ တော့တူ တယ် မောင်လေး
    ဒါနဲ့ ချစ်သူလေး ကရော မောင်လေး နဲ့ ဘာဝါသနာတွေ တူလဲ
း)
    flowerpoem said...
    ကိုမိုးသောက်ရဲ့ ၀ါသနာတွေကောင်းပါတယ်. . အားလုံး စိတ်ကိုအေးချမ်းစေတဲ့ ၀ါသနာတွေကြီးပဲနော်.
    Anonymous said...
    စာဖတ်တာတော့ ၀ါသနာပါတယ် ကိုမိုးသောက်ရေ... အင်း ပို့စ်တိုင်းမှာ မဒမ်မိုးသောက်အကြောင်းချည့်ပဲနော့... မဒမ်းမိုးသောက်အကြောင်းလေး ပို့စ်ရေးဖို့ စိတ်ကူးမရှိဘူးလား။ မရေးရသေးရင် ရေးဖို့ တိုက်တွန်းပါ၏။ ဆန္ဒရှိရင်ပေါ့လေ...
    ဖြိုးဇာနည် said...
    တစ်ပွဲလောက်တော့နွှဲချင်သေးတယ်ဗျာ့သယ်ရင်းတွေရဲ့ခင်မင်မှုကိုတိုးစေတာဟာအားကစားလို့ပြောထားလို့ပါ့
    Welcome said...
Post a Comment
Newer Post Older Post Home