Blogger Template by Blogcrowds.

ကျောင်းသားဘဝ အမှတ်တရများ....

ညီမလေး ဖူးမွန်က(ကျွန်တော်နဲ့ blogger မောင်နှမလေ) ကျွန်တော့်ကို ဖြေဖို့ tag ထားလို့ ဒီပို့စ်လေးကို တင်ပြလိုက်ပါတယ်… မေးခွန်းတွေ ဖတ်ပြီးတော့ ရီရအခက်၊ ငိုရအခက်နဲ့ဗျာ… ဒါပေမယ့် အမှတ်တရလေး တစ်ခုဖြစ်သွားတယ်… ဒီပို့စ်လေး ဖတ်ပြီးရင် tag လိုက်တဲ့ ညီမလေး ဖူးမွန် ကျေနပ်မယ်လို့ ထင်ပါတယ်… တစ်ခြား ညီအစ်ကို မောင်နှမ သူငယ်ချင်းများလဲ မိုးသောက်(ရှမ်းလေး)ဟာ ကျောင်းတုန်းက တော်တော် သောင်းကျန်းခဲ့တယ် ထင်တယ်လို့ တွေးနေကြတော့မှာပဲ… :D

အောက်ပါမေးခွန်းများကိုဖြေပါ..။

၁။ အထက်တန်းမှာ ဘယ်ကျောင်းတက်ခဲ့လဲ..။
အထက်တန်းကတော့ ရန်ကုန်မှာ အောင်ပါတယ်… ကမ္ဘာအေး ဘုရားလမ်းမှာရှိတဲ့ တရုတ်နာမည် ရှိတဲ့ကျောင်းပါ… (မြန်မာလိုဆိုရင် အုတ်တံတိုင်းလို့ ခေါ်သလိုလိုပဲ... :P)

၂။ ဘယ်နှခုနှစ်က အထက်တန်းပြီးတာလဲ..။ပြောပြနိုင်မလား..။
၂ဝဝဝမှာအောင်ပါတယ်….

၃။ အနှစ်သက်ဆုံးဘာသာက။
သင်္ချာ(စာမကျက်ရလို့)

၎။ ထမင်းစားမုန့် စားဆင်းချိန်တွေ မှတ်မိသေးရဲ့လား...။
မနက် ၉နာရီမှာ မုန့်စားဆင်းတယ် ထင်တယ်… ခေါင်းလောင်းတီးတာနဲ့ မုန့်ဈေးတန်းကို ချက်ချင်း ပြေးတာဆိုတော့ နာရီကြည့်ဖို့ မေ့သွားတယ်….

၅။ကျောင်းမှာ ရောင်းတဲ့ အကြိုက်ဆုံး အစားအစာတွေ စာရင်း ပြုစုကြည့်ပါလား...။
မပြောရင် မရဘူးလား…. အဟဲ… မကြိုက်တာ မရှိဘူး… အကုန်ဆွဲတာပဲ…

၆။ ကျောင်းတုန်းက နာမည်ပြောင်တွေ ရှိခဲ့ဖူးလား...။
မရှိခဲ့ဘူး… (ကိုယ်ကသာ သူများတွေကို လိုက်ခေါ် လိုက်စခဲ့တာ…)

၇။ ကျောင်းဝတ်စုံကို ကောင်းကောင်းမွန်မွန် စည်းကမ်းနဲ့အညီ မဝတ်လို့ ကျောင်းနောက်ကျမှ ဆင်းရတာမျိုးတို့ ဘာတို့ အပြစ်ပေးခံရတာတို့ ရှိဖူးလား..။
အဲဒါတော့ ရှိဘူးဗျ…

၈။ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့ ပတ်သတ်ပြီး သတိပေးတာခံဖူးလား..။
ကိုယ့်ထက် နှစ်တန်းကြီးတဲ့ အစ်မဝမ်းကွဲတစ်ယောက်နဲ့ မုန့်စားဆင်းချိန်မှာ စကားပြောတာ၊ (မောင်နှမ အရင်းတွေလို နေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြပေါ့…) အဲဒါကို ကျောင်းအုပ်ဆရာမကြီးက အတွဲတွေ ထင်ပြီး ဟိုမေးဒီမေး လုပ်တာ ခံရဖူးတယ်… စိတ်ကို ညစ်သွားတာပဲ…

၉။ အထက်တန်း ကျောင်းတုန်းက လေးစားရတဲ့သူတို့၊ အားကျမိတဲ့သူတို့ ရှိလား..။
ရှိတာပေါ့ဗျာ… ကိုယ့် ဆရာ၊ ဆရာမတွေ အားလုံးပေါ့… လေးစားတာနော်… အားကျတာကတော့ သိတယ်မလား… တောင်ကြီးသားဆိုတော့ ဒိုးလုံး၊ အယ်နောင်း၊ အယ်ဖြူ၊ မောင်မောင်ဇော်လတ် စတဲ့စတဲ့ တောင်ကြီးက အဆိုတော်၊ တေးရေးဆရာတွေ အားလုံးကို အားကျတာ…

၁ဝ။ တစ်တန်းလုံးရှေ့မှာ အပြစ်ပေးခံရတာမျိုး မှတ်မှတ်ရရရှိဖူးလား..။
ဟားဟား… ရှိပါ့… ရှိပါ့… တစ်တန်းလုံးရှေ့မှာရော၊ နောက်မှာရော၊ အပြင်မှာပါ စုံနေတာပဲ… အခုတော့ အဲဒါတွေဟာ အမှတ်တရ ဖြစ်နေသလို ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရင်လဲ ဟာသတွေအဖြစ် အမြဲတမ်း ပြောဖြစ်တာတယ်…

၁၁။ အတန်းလစ်ဖူးလား..။ လစ်ပြီးဘာလုပ်ကြလဲ...။
ဘယ်ပြောကောင်းမလဲ… ၁ဝတန်းမှာ Physics၊ ပထဝီ သင်တဲ့ ဆရာမတွေက အရမ်းအေးတာ… သူတို့အချိန်ဆို လစ်ပြီ…. ပြီးရင် မုန့်ဈေးတန်းမှာ ကောက်ညှင်းပေါင်းနဲ့ ဝက်သားတုတ်ထိုး သွားတီးတာ….

၁၂။ အပြစ်ပေးခံရခါနီးကနေ လွတ်မြောက်သွားဖူးလား..။
တစ်ခါမှ မလွတ်မြောက်ဖူးဘူး… လွတ်မြောက်စရာ လမ်းမရှိလို့… ဟီးဟီး…

၁၃။ ကျောင်းပိုင်ပစ္စည်းကို ဖျက်ဆီးဖူးလား..။
နိုး… လုံးဝပဲ… မလုပ်ဖူးပါဘူး…

၁၄။ ဆရာဆရာမတွေကို ငိုအောင်လုပ်ဖူးလား...။
ပျော်လို့ မျက်ရည်ကျတာမျိုး ဖြစ်အောင်တော့ လုပ်ခဲ့မိတယ်…. ပီတိမျက်ရည်ပေါ့နော်…

၁၅။ အထက်တန်း ကျောင်းသားဘဝမှာ အကြိုက်ဆုံးဆရာ၊ ဆရာမက...။
အကုန်လုံးပါပဲ….

၁၆။ အရယ်ရဆုံး/ အသံအကျယ်ဆုံး/ သူများနဲ့မတူ အထူးခြားဆုံး ဆရာ/ဆရာမ မှတ်မိတာရှိလား..။
ထူးခြားတာ တစ်ခုရှိတဲ့ ဆရာမတော့ မှတ်မိတယ်… မြန်မာစာသင်တာ… စကားတစ်ခွန်းပြောပြီးတိုင်း (နော်..) လို့ အမြဲတမ်းပြောတယ်…

၁၇။ ကျောင်းတုန်းက Popular ဖြစ်လား...။
တောင်ကြီးမှာ နေခဲ့တုံးက တစ်ကျောင်းလုံး ကိုယ့် အသိတွေချည်းပဲ…. ရန်ကုန်ကို အထက်တန်းမှာ ပြောင်းလာတော့ ခပ်ကုပ်ကုပ်ပဲ နေတော့တာနဲ့ Popular ဖြစ်ဖို့ နေနေသာသာ ပျောက်နေလို့တောင် လိုက်ရှာရဦးမယ်…

၁၈။ သူငယ်ချင်း အုပ်စုတွေဖွဲ့ နေတတ်လား..။ လူအများကြီးရှိတဲ့ အုပ်စုမျိုးနဲ့ ပေါင်းဖြစ်လား..။ လူနည်းနည်းနဲ့ပဲ ပေါင်းဖြစ်လား..။
အများကြီးနဲ့လဲ ကဲတာပဲ… နဲနဲလေးနဲ့လဲ ကဲတာပဲ… အဲ… တစ်ယောက်ထဲဆိုရင်တော့ ငြိမ်နေတတ်တာပေါ့…

၁၉။ အခင်ဆုံး သူငယ်ချင်းက ဘယ်သူလဲ..။
အခင်ဆုံးရယ်လို့တော့ မရှိပါဘူး… တွဲဖြစ်တာ များတာတော့ ရှိတယ်.. ဆိုးဖော်ဆိုးဖက်တွေလေ… ခင်တာတော့ အများကြီးပဲ…

၂ဝ။ အတန်းထဲက သူငယ်ချင်းတွေမှာကော နာမည်ပြောင် ထူးထူးဆန်းဆန်းတွေ ရှိကြလား..။
အင်း… ရှိတယ်… အခုထိ မှတ်မိနေတာဆိုရင်…..
ပြောတော့ဘူးနော… တော်ကြာ ဘယ်သူလဲ ရိပ်မိသွားဦးမယ်… ဟီးဟီး…

၂၁။ ပျော်စရာ အကောင်းဆုံး မှတ်မိနေတဲ့နေ့လေးကို ပြောပြပါလား..။
အထက်တန်းမှာတော့ မဟုတ်ဘူး.. အလယ်တန်းမှာ… တောင်ကြီးမှာ… (၇)တန်းနှစ်ကုန်တော့ ဆရာ၊ ဆရာမတွေကို ကန်တော့တဲ့နေ့… သူငယ်ချင်းမ တစ်ယောက်အိမ်မှာ လုပ်တာ… အရမ်းပျော်စရာ ကောင်းတယ်…

၂၂။ ကျောင်းမှာ ဒဏ်ရာရဖူးတာရှိလား..။
ရှိတယ်… ချော်လဲ၊ ဒူးပြဲ၊ တံတောင်ပြဲ၊ လက်ဓါးရှ၊ ငုတ်စူး… အိုး.. စုံနေတာပဲ….

၂၃။ ကျောင်းမှာ ကိုယ်ပထမဆုံး ကြိုက်နှစ်သက်ခဲ့တဲ့သူက ဘယ်သူလဲ..။
တစ်ယောက်ပဲပြောရမှာလား.… အကုန်ပြောရမလား… စာမျက်နှာမဆန့်လောက်ဘူးထင်တယ်… ဟားဟား… နောက်တာနော်… တကယ် ဟုတ်ဘူး…

၂၄။ အဲဒီနှစ်သက်တဲ့သူနဲ့ အခြေအနေ ကောင်းခဲ့ရဲ့လား..။
မရှိပါဘူးဆို….

၂၅။ ကျောင်းတုန်းက တယောက်ယောက်နဲ့ သူငယ်ချင်းထက်ပိုတဲ့ (ချစ်သူအဆင့်) ဆက်ဆံရေးမျိုး ရှိခဲ့ဖူးလား..။
တော်တော်အထင်ကြီးတာပဲ…. အဟားတော့ ခံရတော့မှာပဲ…. ဟားဟား…

၂၆။ ကျောင်းက သင့်ဘဝမှာ လွှမ်းမိုးမှုရှိခဲ့ရဲ့လား..။ ကျောင်းစာအပြင် ဘာတွေ ထူးထူးခြားခြား သင်ပေးခဲ့လဲ..။
လွှမ်းမိုးတာပေါ့ဗျာ… ကျောင်းစာအပြင် ဘဝစာတွေပါ အများကြီး သင်ပေးလိုက်တာပေါ့….

၂၇။ ကျောင်းသီချင်း.. ဒါမှမဟုတ်.. ကျောင်းမှာဆိုရတဲ့ သီချင်းတွေ မှတ်မိသေးလား..။ ဘာတွေဆိုရလဲ..။
မြန်မာနိုင်ငံတော်သီချင်း… မနက်တိုင်းဆိုရတယ်… စာသင်ခန်းကို ပြန်လာရင် အပေါ်ထပ်တက်တဲ့ လှေကားမှာ အခန်းထဲက ယောက်ျားလေး သူငယ်ချင်းတွေ အားလုံး အဆိုတော် ဟန်ထွန်းရဲ့ တေလေမလေး သီချင်းကို ဝိုင်းအော်ကြတာ အခုထိ မှတ်မိနေတုန်းပါပဲ….

၂၈။ အမှတ်တရ ဖြစ်နေတဲ့ မေးခွန်းမျိုးရှိလား..။
ထူးထူးခြားခြား သတိထားမိတာတော့ မရှိပါဘူး….

၂၉။ ထူးထူးခြားခြား မှတ်မိနေတဲ့ နောင်တရခဲ့တဲ့ ကိစ္စများရှိလား..။
ကိုယ်က ပျော်စေချင်လို့ လျှောက်နောက်လိုက်တာ… တချို့ကိစ္စတွေက မရည်ရွယ်ပဲ ဆရာ၊ ဆရာမတွေ စိတ်အနှောင့် အယှက်ဖြစ်သွားရတယ်… အဲဒါတွေကိုတော့ နောင်တရမိတယ်…

၃ဝ။ကျောင်းနောက်ဆုံးနေ့ ဘာတွေလုပ်ခဲ့ကြလဲ..။
အထက်တန်းကျောင်းမှာတော့ (ရန်ကုန်မှာ) ဘာမှမလုပ်ဖြစ်ခဲ့ဘူး… တောင်ကြီးမှာတုန်းကတော့ လက်ဆောင်တွေလဲကြ နုတ်ဆက်ကြပေါ့…. အရမ်းကို ပျော်စရာ ကောင်းခဲ့ပါတယ်… အခုထိလဲ ငယ်သူချင်းတွေကို သတိရနေတုန်းပါပဲ… ပြန်တွေ့ဖြစ်ကြရင် ငယ်ငယ်တုန်းက အကြောင်းတွေကို မနားတမ်း ပြန်ပြောပြီး ရယ်ကြရတာလဲ အမောပါပဲ… တချို့သူငယ်ချင်းတွေဆိုရင် အဲဒီကတဲက ပြန်မတွေ့ဖြစ်တော့တာ အခုထိပါပဲ… ဒီပို့စ်လေးကို ငယ်သူငယ်ချင်းတွေ ဖတ်မိရင် သူတို့လဲ ငယ်ငယ်က ကျောင်းသားဘဝကို ပြန်သတိရမှာပါ…..

10 Comments:

  1. Welcome said...
    ချင်းချောင်းဘုံကျောင်းက အောင်တာ ဖြစ်မယ်။

    (တဂ့်ပို့စ်လေး အားပေးသွားတယ်။)
    ကောင်းကင်ပြာ said...
    မိုးသောက်လဲအမနဲ့ကျောင်းခြင်းတူတူပဲကိုး၊လာဖတ်သွားတယ်နော်၊ သတိရစရာတွေပေါ့
    Sein Lyan Tun said...
    အင်း ဖတ်ရတာပျော်စရာကောင်းတယ်..
    အကို ကတော့ အထက်တန်းကျောင်းသားဘဝကို
    မပျော်ဖူး..
    ညီရေးထားတာလေဖတ်လို့ ကောင်းတယ်
    mgnge said...
    လို သေးတယ်လို သေးတယ်...။
    ဟဲဟဲ
    တစ်မျိုးမထင်နဲ့....။ဒီလောက်ပဲ ကဲခဲ့တယ်လို့ မထင်လို့  လျှို ထားတာလေးတွေ ထုတ် ပြော ဖို့ လို သေးတယ်လို့ ပြောတာနော်..။

    အဟမ်းအဟမ်း
    Phu Mon said...
    ဆိုင်မသွားဖြစ်လို့ နည်းနည်းနောက်ကျသွားတယ် အမှတ်တလေးတွေလာဖတ်သွားပါတယ်
    မိုးသောက်(ရှမ်းလေး) said...
    ကိုမောင်ငယ်ကတော့ ဖော်ကောင်လုပ်နေပြီဗျာ... ဟားဟား.. မလုပ်နဲ့လေ... ရှူးတိုးတိုးဗျ...
    Anonymous said...
    ကိုရှမ်းလေးရေ... ဘာတွေ လျှိုထားသေးတုန်းးးး အဟဲ... မေဒီလည်း ကျောင်းချိန်လေးကို ပြန်သတိရပြီ။း))
    My Diary said...
    လျှိုထားတာတွေကများတယ်တော့
    Anonymous said...
    မေလည်းဆယ်တန်းတုန်းက ကျောင်းခဏခဏ ပြေးဖူးတာ သတိရမိတယ်
    ဘာရယ်လည်းဟုတ်ဘူး
    အိမ်ပြန်ပြီး အိပ်တာ ..ဟီးးး
    promise said...
    ကို လဲ 2000 မှာ 10တန်းအောင်တာ

Post a Comment



Newer Post Older Post Home