
Blog ကို လှည့်မကြည့်နိုင်လောက်အောင် အရမ်းဖိစီးတဲ့ Pressure တစ်ခု ကြုံခဲ့ရပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာ စိတ်ဓါတ်လဲပျက်၊ ဘာမှလဲ လုပ်ချင် ကိုင်ချင်စိတ်မရှိပဲ အချိန်တွေကို ဖြုန်းနေခဲ့မိတယ်။ အခုတော့ ဒါတွေဟာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ စိတ်ကို အနိုင်ယူနိုင်အောင် ကြိုးစားနေပါတယ်။ အခုဆိုရင်တော့ အဆင်ပြေနေပါပြီ။ နေတတ်အောင်လဲ နေနေပါပြီ။ အပြုံးတွေထဲမှာ အသက်ပါဖို့တော့ အချိန်ယူရဦးမယ်။ ဘယ်အရာကိုမှ လက်လျှော့အရှုံးပေးမှာ မဟုတ်ပါဘူး။ -ပြင်းထန်သော ဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ- တဲ့။ ဟုတ်တယ်မဟုတ်လားဗျာ။
အခုပြောချင်တာကတော့ မကြာခင်မှာ အင်တာနက်နဲ့ ဝေးရာနေရာကို သွားရပါတော့မယ်။ ဘဝရဲ့ လှေကားထစ်တစ်ခုကို ကျော်ဖြတ်ရပါတော့မယ်။ ဒါကြောင့် Blog ကို ဆက်လုပ်ဖို့ အခြေအနေမပေးတော့ပါဘူး။ ဒါကြောင့် မိတ်ဆွေ သူငယ်ချင်း ညီအစ်ကို မောင်နှမများအားလုံးကို နုတ်ဆက်တာပါ။ အစဉ်အမြဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။ Blog ရေးစဉ်ကာလက ဝင်ရောက်အားပေး ဖတ်ရှုခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကို မောင်နှမများအားလုံးနဲ့ ချစ်သူကိုလဲ အရမ်း အရမ်းကျေးဇူးတင်ပါတယ်။ ဘဝရဲ့ မှတ်တိုင်လေး တစ်ခုအနေနဲ့ ကျန်ရစ်ခဲ့လို့လဲ စိတ်ထဲမှာ အမြဲတမ်း ကြည်နူးနေရမှာပါ...။