ဒီပို့စ်လေးဟာ ကျွန်တော့် Blog ရဲ့ (၅ဝ)ပြည့်ပို့စ်လေးပါ… ဒီလို (၅ဝ)ပြည့်မှာ မှတ်မှတ်ရရနဲ့ အကျိုးရှိတာလေး တင်မယ်လို့ စိတ်ကူးနေတုံး ကျွန်တော့် ချစ်သူဆီက စာရောက်လာပါတယ်… စာထဲမှာ ဓမ္မဒါန စာရွက်ပိုင်းလေး ပါလာပါတယ်… သူက ကျွန်တော့်ကို တတ်နိုင်သလောက် ဝေမျှ ပေးနိုင်အောင် အဲဒီ စာရွက်ပိုင်းလေးကို မိတ္တူ (၁ဝ)စောင် ကူးပေးလာတာပါ… စာထဲမှာ ပါလာတဲ့ ဓမ္မဒါန စာရွက်ပိုင်းလေးထဲမှာ ရေးထားတဲ့ “သစ္စာပြုဆုတောင်း” လေးကို ပြန်ကူးပြီး ညီအစ်ကို မောင်နှမ၊ သူငယ်ချင်းများကို ဝေမျှလိုက်ခြင်းဖြစ်ပါတယ်…
သစ္စာပြုဆုတောင်း
- မြတ်စွာဘုရားသည် လောကသုံးပါး၌ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ အကျိုးစီးပွား အလို့ငှာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါ၏…
- မြတ်စွာဘုရား၏ တရားတော်သည် လောကသုံးပါး၌ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ ချမ်းသာခြင်း အကျိုးငှာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါ၏…
- မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်သည် လောကသုံးပါး၌ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ ကောင်းမှုပြုရန် အလို့ငှာ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါ၏…
- ဤသို့ မှန်ကန်သော သစ္စာစကားကို ဆိုရသော အကျိုးအားကြောင့် ဘုရားတပည့်တော်၏ အခက်အခဲ မှန်သမျှ၊ အတိုက်အခံ မှန်သမျှ၊ အမှုအခင်း မှန်သမျှ အောင်မြင်ရ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်ရပါလို၏ အရှင်ဘုရား…
ဓမ္မဒါန - မိုးသောက်(ရှမ်းလေး) နှင့် မဒီမိုးသောက်
Labels: အမှတ်တရများ...
16 Comments:
Subscribe to:
Post Comments (Atom)
ဆက်လက်ပြီးများများရေးဖို့လည်း အားပေးပါတယ်....။
နေ့သစ်တွေလှပ နိုင်ပါစေဗျာ....
သာသနာပြုနိုင်သော ပျော်ရွှင်စရာ လက်တွဲဖော်လေး ဖြစ်ပါစေ။
နှုတ်တစ်ရာစာတစ်လုံးတဲ့။ ချစ်သူဆီကစာလာတော့ တော်တော် ပျော်သွားမှာဘဲ။ ဖတ်ရလွန်းလို့ အလွတ်တောင်ရနေပြီဗျလို့ ပြောတော့မယ်။
(သိနေတယ်လေ)
း)
အဆင်ပြေတဲ့ ဘ၀လေး တခု ခိုင်မြဲစွာ တည်ဆောက်နိုင်ပါစေ
ကောင်းလေစွ 2
ဓမ္မဓါနအတွက် သာဓု 3 ကြိမ်ခေါ်ခဲ့ပါတယ်။
မောင်မိုးသောက်နဲ့ မမိုးသောက် ချစ်သူနှစ်ဦးလုံးအတွက်လဲ
ဆုတောင်းပေးပါတယ်
အရမ်းကောင်းတဲ့ သစ္စာပြုဆုတောင်းလေးပါ..
ခင်တဲ့
ဖိုးစိန်
ဆုတောင်းစာပုဒ်လေး ယူသွားတယ်။
ကျေးဇူး ..
ပျော်ရွှင်စွာနဲ့ ဆက်လက် Blogging နိုင်ပါစေ
ဆုတောင်းစာလေးယူသွားတယ်--
မျှဝေပေးတာကျေးဇူးပါ--
လိုအင်ဆန္ဒပြည့်ဝပါစေ---