Blogger Template by Blogcrowds.

အချစ်ဆိုတာ မီးအိမ်တစ်အိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မငြိမ်းနိုင်ဘူး။
Henry H.Hansa

အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။
Shakespeare

အချစ်ဟာ ဘဝကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။
Johann W.Goethe

လူတွေရဲ့အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။
History Myers

ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘဝမှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။
Alfred Tennyson

1 Comment:

  1. Anonymous said...
    အချစ်ဟာ ဓါးသွားထက်က ပျားရည်စက်နဲ့တူတယ်။အ....တော်မှပျားရည်
    ရဲ့အရသာကိုခံစားရမယ်(မဟုတ်ရင် ရှာပြတ်ပြီသာမှတ်)
    အမည်မသိ

Post a Comment



Newer Post Older Post Home