Blogger Template by Blogcrowds.

ချစ်သူသို့ (၅) ......



အနားမှာမရှိပေမယ့်
စိတ်ထဲကတော့ တစ်ဖဝါးမှ မခွာချင်ပါဘူး….

ရင်ထဲကစကားတွေကို
တယ်လီဖုန်းနဲ့ ကြားစေခဲ့တယ်ဆိုပေမယ့်
တကယ်ရှိချင်တာက ချစ်သူကိုဘေးမှာထားပြီး
မျက်နှာချင်းဆိုင် စကားတွေ အများကြီးပြောချင်တာပါ...

ချစ်သူရဲ့မွေးနေ့မှာ
အနွေးထွေးဆုံးလက်ဆောင်က
အဝေးက အနမ်းတွေပဲဖြစ်နေခဲ့ရတယ်….

ချစ်သူရေ…..
ပြန်ဆုံတဲ့အခါမှာ
ရင်ခုန်ကြည်နူးစေတဲ့
အနွေးထွေးဆုံးလက်ဆောင်တွေကို ပေးပါ့မယ်နော်…

အဲဒီလက်ဆောင်တွေကတော့
“ချစ်သူဘေးနားမှာ
ကိုရှိနေမယ့် အချိန်” တွေပါပဲ…..

ချစ်သူလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ…


(ဒီနေ့ဟာ ဘွဲ့ရတာ ၃နှစ်ပြည့်တဲ့နေ့ဖြစ်သလို ကျွန်တော့်ချစ်သူရဲ့ မွေးနေ့လဲဖြစ်ပါတယ်။ အမှတ်တရနေ့ပါပဲ။ ကျွန်တော့်ချစ်သူရဲ့ မွေးနေ့တိုင်းမှာ သူ့ဘေးမှာ ကျွန်တော်ရှိနေချင်တာ ကျွန်တော့်ရဲ့ အကြီးမားဆုံးဆန္ဒပါ။ ချစ်သူစဖြစ်ပြီးကတဲက ချစ်သူရဲ့ မွေးနေ့တိုင်းမှာ သူ့ဘေးမှာ ကျွန်တော်မရှိပဲ အဝေးမှာပဲရောက်နေခဲ့ပါတယ်။ ဒီနေ့မနက် စောစောထ၊ ဘုရားရှိခိုးပြီး ဆုတောင်းတယ်။ ချစ်တဲ့သူတွေတိုင်း မခွဲမခွာနေနိုင်ကြပါစေလို့…..)

0 Comments:

Post a Comment



Newer Post Older Post Home