Blogger Template by Blogcrowds.

April Fool’s Day အကြောင်း

April Fool’s Day ဖြစ်ပေါ်လာတာနဲ့ ပတ်သတ်သော သမိုင်းကြောင်းက တိတိကျကျ ရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ခရစ် သက္ကရာဇ် ၁၅၈၂ခု ပြင်သစ်နိုင်ငံ နဝမမြောက် ချားလ်စ်ဘုရင် လက်ထက်မှာ ပြက္ခဒိန်ကို ပြောင်းလဲ လိုက်တာကနေ အစ ပြုတယ်လို့ ဆိုရမှာပါ။ (မြန်မာလို အယူ ဆိုရင် သက္ကရာဇ် ဖြိုတယ်လို့ ခေါ်မယ် ထင်ပါတယ်။) ဘယ်လို ပြောင်းလဲ လိုက်သလဲ ဆိုတော့ မတ်လ (၂၅) ရက်နေ့ကနေ ဧပြီ (၁) ရက်နေ့အထိ (နှစ်သစ်ကူး ကာလ) ကို ဇန်နဝါရီလ (၁) ရက်နေ့ကို ရွှေ့ပြောင်း လိုက်တာပါပဲ။

အဲဒီ ခေတ်ကာလက ဆက်သွယ်ရေး စနစ်တွေက ယနေ့ခေတ်လို မဟုတ်တော့ နှေးကွေးပါတယ်။ ဒါကြောင့် တချို့သော လူများက ဒီလို အပြောင်းအလဲ ဖြစ်သွားတာကို နှစ်အတော် ကြာမြင့်တဲ့အထိ သတိ မထားမိကြဘူး။ အဲဒီအချိန်ထိ တချို့သော အစွန်းရောက် လူများ၊ ဘုရင့် အမိန့်ကို ဖီဆန်ချင်ကြတဲ့ သူများကတော့ ဒီအပြောင်းအလဲကို လက်မခံခဲ့ဘူး။ နှစ်သစ်ကူးကို ဧပြီ (၁) ရက်နေ့မှာပဲ ကျင်းပဖို့ ဆန္ဒရှိကြတယ်။ ဒီအပြောင်းအလဲကို လက်ခံကြတဲ့ သာမန် ပြည်သူ လူထု တွေကတော့ အစွန်းရောက်ပြီး လက်မခံ ဆန့်ကျင် ချင်ကြတဲ့ သူများကို “အရူးများ” လို့ လှောင်ပြောင် ခဲ့ကြတယ်။ ခေါ်ဝေါ် သမုတ်ခဲ့ကြတယ်။ စ စရာ နောက်စရာ အဖြစ်သာ မြင်ခဲ့ကြတယ်။ အဲဒါကြောင့် အဲဒီ လူတွေဆီကို တကယ် မကျင်းပပေမယ့် ကျင်းပသယောင် ပြုလုပ်ထားတဲ့ ပါတီဖိတ်စာတွေ၊ ကျီစယ်ထားတဲ့ ဟာသတွေကို ဧပြီ (၁) ရက်နေ့မှာ ပို့ပေးပြီး အရူးလုပ်ထားတဲ့ စာတိုတွေ၊ စကားတွေနဲ့ စ နောက် ခဲ့ကြတယ်။ အဲဒီလို စနောက်ခဲ့ကြပြီး ရယ်မောခံ လူတစ်စုကို “poisson d’avril” ၊ “April fish” လို့ နောက်ပြောင် ခေါ်ဝေါ် ခဲ့ပြန်တယ်။ “April fish” ဆိုတာက နုံနုံအအ ငါးငယ်လေးတွေဟာ အလွယ်တကူ အဖမ်းခံ ရတတ်သလို အရူး လုပ်ခံရသူ တွေဟာလဲ စ နောက် ခံရတတ်တယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီသဘောကို ဘယ်လို ဖော်ပြသလဲဆိုရင် April Fool’s day မှာ စကြ နောက်ကြတဲ့ စာရွက် လေးတွေရဲ့ နောက်ကျောဘက်မှာ ငါးငယ် ပုံလေးတွေ ဆွဲထည့် ပေးလိုက်တာပါပဲ။ (အခုခေတ်မှာတော့ ခင်မင်တဲ့ သူတွေကိုပဲ စကြ နောက်ကြတော့တာ များပါတယ်။)

အဲဒီလိုမျိုး နောက်ပြောင် ကျီစယ်မှုတွေက စပြီးတော့ ဧပြီလရဲ့ ပထမဆုံးနေ့မှာ အရူးလုပ်တာ ပေါ်ပေါက်လာပါတယ်။ ဒီလို အလေ့အထဟာ ချက်ချင်းပဲ ပျံ့နှံ့သွားပြီး ၁၈ရာစုမှာ ဗြိတိန်နိုင်ငံနဲ့ စကော့တလန် နိုင်ငံတွေမှာ စတင် ပြုလုပ် ခဲ့ကြတယ်။ ဒါ့အပြင် အင်္ဂလိပ်နဲ့ ပြင်သစ်တို့ရဲ့ လက်အောက်ခံ ကိုလိုနီနိုင်ငံ တွေကိုလဲ ပျံ့နှံ့ သွားခဲ့တယ်။ ဒီပျံ့နှံ့မှုမှ စတင်ပြီးတော့ အခြားသော နိုင်ငံတွေမှာ ဧပြီလ (၁) ရက်နေ့မှာ နောက်ပြောင် ကျီစယ်ပြီး စကြ နောက်ကြတဲ့ နေ့ရက်လေး ဖြစ်လာတဲ့ April Fool’s Day ဆိုပြီး ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။။

(လူတိုင်းဟာ ပျော်ရွှင်စရာဆိုရင် နှစ်သက်ကြတယ်၊ စိတ်ကြည်နူးကြတယ် ဆိုတာ သိသာစေတဲ့ အချက် တစ်ချက်ကို ရှာဖွေ တွေ့ရှိလိုက်တယ်လို့ မထင်ဘူးလားခင်ဗျာ….)



- ဒီနေရာလေးက စာပိုဒ်လေး တချို့ကို အလျဉ်းသင့်သလို ဘာသာ ပြန်လိုက်တာပါ... အဆင်အပြေဆုံး ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစား ထားပါတယ်... -

2 Comments:

  1. မိုးသောက်(ရှမ်းလေး) said...
    လာရောက်အားပေးကြတဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမများအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေဗျာ... အခုတလော ကျောင်းကစာတွေ ပိနေလို့ အိမ်လည် မထွက်နိုင်ဘူး ဖြစ်နေတာ... အားတာနဲ့ အိမ်လိုက်လည်မယ်နော်.... :)
    Sein Lyan Tun said...
    လာရောက်ဖတ်ရှု့ မှတ်သားသွားပါတယ်
    မတွေ့ တာကြာတော့လဲလွမ်းတယ်
    စာတွေ စာတွေ စာတွေ
    အမြန်ဆုံးကင်းကွာနိုင်ပါစေ
    ခင်တဲ့
    ဖိုးစိန်

Post a Comment



Newer Post Older Post Home