Blogger Template by Blogcrowds.

အခိုင်မြဲဆုံး ချစ်ခြင်းမေတ္တာ


“အမေကတော့ ဝမ်းသာမှာသေချာပါတယ်။
အဖေအလုပ်က ပြန်ရောက်ရောက်ချင်း
အမေဘယ်ကိုသွားလဲလို့ အမြဲမေးတတ်တယ်။
အဖေက အိမ်ပြန်ရောက်တာနဲ့ အမေ့ကို တွေ့မြင်ချင်တယ်လေ…

အဖေကတော့ ဝမ်းသာမှာသေချာပါတယ်။
အမေဈေးက ပြန်ရောက်ရောက်ချင်း
အဖေပြန်လာပြီလားလို့ အမြဲမေးတတ်တယ်။
အမေက အိမ်ပြန်ရောက်တာနဲ့ အဖေ့ကို တွေ့မြင်ချင်တယ်လေ…”



- “နှင်းဆီအိပ်မက်” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲမှာ ဇာတ်ဆောင်တယောက်ပြောသွားတာပါ။ ကိုရီးယားကဗျာလေး ထင်ပါတယ်။ အဲဒါကို ကြည့်ပြီးပြီးချင်းပဲ စာအုပ်ထဲမှာ ကောက်မှတ်လိုက်တာပါပဲ။ အရမ်းသဘောကျသွားလို့ပါ။ ခေါင်းစဉ်ကိုတော့ “အခိုင်မြဲဆုံး ချစ်ခြင်းမေတ္တာ” လို့ အမည်ပေးလိုက်ပါတယ်။

- အချစ်စစ်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတဲ့ ဘဝတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ အချစ်တွေတိုးပွားလာပြီး သံယောဇဉ်ခိုင်မာလာတယ်ဆိုတာ အမှန်ပါပဲ။ ချစ်ခြင်းတွေပြည့်လျှံနေတဲ့ မိဘနှစ်ပါးရဲ့ အချစ်တွေကိုကြည့်ပြီး သားသမီးတွေက ကြည်နူးစွာပြောလိုက်တဲ့စကားလေးတွေ ဖြစ်မှာပါ။

- အဲဒါလေးကို မျှဝေခံစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်.....

0 Comments:

Post a Comment



Newer Post Older Post Home