Blogger Template by Blogcrowds.

ဆောင်းအိပ်မက်ကဗျာ

ချစ်သူရယ်…
ငါဟာလေပြေလေးဖြစ်ပြီး မင်းဆံနွယ်ကိုတိုးဝှေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာပန်းတစ်ပွင့်ဖြစ်ပြီး မင်းနှုတ်ခမ်းကိုနမ်းရှိုက်ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာနှင်းငွေ့လေးဖြစ်ပြီး မင်းကိုထွေးပွေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ပန်းရိုင်းလေးတွေ လေပြည်ညင်းနဲ့အတူ ကခုန်တတ်သွားပြီ။
စိတ်ကောက်နေတဲ့ ပန်းကလေးတွေ နံနက်ခင်းအလင်းနဲ့ အတူပြုံးတတ်ခဲ့ပြီ။
အသည်းအရိုင်းနဲ့ကိုလေ… မင်းအလှတို့အောက် ယိမ်းထိုးသွားလိုက်တာ….

ခံစားရေးဖွဲ့သူ-ဆောင်းအိပ်မက်

0 Comments:

Post a Comment



Newer Post Older Post Home