Blogger Template by Blogcrowds.

အချစ်ကိုတပ်ဆင်ခြင်း

အင်ဂျင်နီယာ---"ဘာများ ဝန်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။"

အင်ဂျင်နီယာ---"ရပါတယ်... တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"

ဧည့်သည်-----"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ... ဒါပေမယ့် နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ---"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"

ဧည့်သည်-----"တွေ့ပါပြီ။ ဒါပေမယ့် တချို့ပရိုဂရမ်(program)တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲရှိနိုင်လား။"

အင်ဂျင်နီယာ---"ဘာပရိုဂရမ်(program)တွေ အလုပ်လုပ်နေပါသလဲ။"

ဧည့်သည်-----"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ဝန်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။"

အင်ဂျင်နီယာ---"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင်လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို အချစ်နည်းစနစ်ဖွဲ့စည်းမှု(system)ကနေ ဖျက်လိုက်မှာပါ။ အဲဒီဒဏ်ရာဟောင်းက
မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိမ့်မယ်။ ဒါပေမဲ့ တခြား
ပရိုဂရမ်(program)တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။
မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင်
အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား"

ဧည့်သည်-----"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ---"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။
မနာလို ဝန်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ
ထပ်သလဲလဲရမ်း(run)ပေးပါ"

ဧည့်သည်-----"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်
ဟုတ်ပါသလား"

အင်ဂျင်နီယာ---"ဟုတ်ပါတယ်…ဒါပေမယ့် ဒါဟာ အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့်(upgrade)ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်-----"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား?
အချစ်ပရိုဂရမ်(program)ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ---"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ
အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို
တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-----"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ---"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက
"ကိုယ့်ကိုကိုယ် ခွင့်လွတ်မှု" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မှု" နဲ့
"ကိုယ်လိုချင်တဲ့ ကန့်သတ်မှု" ဆိုတဲ့ ဖိုင်တွေကို ကော်ပီ(copy)လုပ်ပြီး
ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်(file)တွေကို ဖုံးသွားမှာပါ။
ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်(delete)ပစ်လိုက်ပါ။ နောက်ပြီး (recycle bin) ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း.. ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်(file)အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ... ရင်ဘတ်ရဲ့မျက်နှာပြင် (screen)ပေါ်မှာ အပြုံးလေးတွေ တွေ့နေရပါပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီ(copy)ကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ---"ပုံမှန်ပါပဲ... တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့
ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပါပြီ။"

အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဖ်ဝဲလ်(free software)တစ်ခု လို့ ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဖ်ဝဲလ်နဲ့ သူ့ထဲက
ဖိုင်တွေကို တခြားလူနဲ့ မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း
တခြားလူတွေကို ထပ်ပြီးမျှဝေပေးကြမှာပါ။ နောက်ဆုံး အရမ်းကောင်းတဲ့
ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ။


(Forward mail တခုမှ ကူးယူပြီး ပြန်လည်ဖော်ပြထားတာလေးပါ။ အရမ်းသဘောကျလို့ပါ။ ဘယ်သူရေးထားတာလဲတော့ မသိဘူးခင်ဗျ။ သိရင်ပြောပြကြပါဦး။)

0 Comments:

Post a Comment



Newer Post Older Post Home