Blogger Template by Blogcrowds.

လှောင်တာလား...

ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူး ချစ်နေကြ၏။ ချစ်စကားလေးတွေလဲ တီတီတာတာပေါ့။ “ဟိုအရင်ကလေ မောင်က တယောက်ထဲသီးသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ။ အခုတော့ မောင့်စိတ်တွေ ပြောင်းလာရပါပြီ။ မောင့်အတွက် သစ္စာရှိတဲ့ အဖော်တယောက်လိုလာပြီ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့ ကြိုနေမယ့်သူတဦးဦး ရှိနေစေချင်ပြီ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့ မောင့်ကိုကြည့်မယ့် တစုံတဦးကို ပိုင်ဆိုင်ချင်လာတယ်”
မိန်းကလေးက ပြုံးပြီး ချက်ချက်ပြန်ပြော၏။
“လာ… မောင်၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေလေးတကောင် သွားဝယ်ကြမယ်နော်” တဲ့….


(ဖတ်မိတာလေးတခုပါ…
ဘယ်နားက ကူးထားလိုက်မှန်းကို မမှတ်မိတော့ပါဘူး…
ဖတ်ပြီးရင် အနဲဆုံးတော့ ပြုံးမိကြမယ်လို့ထင်ပါတယ်…)

2 Comments:

  1. Anonymous said...
    ဟားဟားဟား...၀ယ်ဖြစ်ရဲ့လားဗျ?
    ဒါဆို ဒို့လည်း လမ်းကြုံမှာချင်တယ်။
    မိုးသောက်(ရှမ်းလေး) said...
    အဲဒါကျတော်ဟုတ်ဘူးလေ... မနောက်ပါနဲ့ဗျာ... :)

Post a Comment



Newer Post Older Post Home