Blogger Template by Blogcrowds.

နံနက်ခင်းကို ဘယ်သို့ထမယ်…

ကိုကြီးနဲ့ငယ်လေးက tag လိုက်ပြန်ပြီဗျို့….. ဘာအကြောင်းလဲ ဆိုတော့ မနက်ခင်းမှာ ဘယ်လို နိုးထလာသလဲတဲ့…. ဘယ်လို နိုးထလာသလဲ ဆိုတော့ ဒီလိုပါ… အိပ်ချင် မူးတူးနဲ့ နိုးလာတာပေါ့ဗျာ… ဟီးဟီး…. အလကားနောက်တာပါ… ဒီလိုပါ…. ကျွန်တော်က ကျောင်းတက်နေတာ ဆိုတော့ မနက် စောစော ထရပါတယ်… အရမ်း ဆိုးပါတယ်… ထချင်ဘူးဗျ… စနေနဲ့ တနင်္ဂနွေက လွဲရင်ပေါ့နော်… ကျန်တဲ့ ရက်တွေမှာက ကျောင်းသွားဖို့ကို စောစောထရတာကိုး… နာရီ သံပတ်မြည်တဲ့ အချိန်ဆိုရင် နားထဲမှာ ဗုံးကွဲသလို ခံစားရရော… စနေနဲ့ တနင်္ဂနွေမှာက ကျွန်တော်နဲ့ မဒီမိုးသောက်နဲ့ အွန်လိုင်းမှာ တွေ့ကြတယ်…. G-talk ပြောကြတယ်… အလွမ်း သယ်ကြတယ်ပေါ့ဗျာ… အဟဲ… (သူက မြန်မာနိုင်ငံကနေ အွန်လိုင်း တက်ပါတယ်...) သူလာတဲ့ အချိန်က ကျွန်တော့ဆီမှာ မနက် စောစောပဲ ရှိသေးတယ်… ဒါပေမယ့် အဲဒီရက်တွေ မှာတော့ ဘယ်လောက် စောစော ကျွန်တော် နိုးနေတယ်… ထူးဆန်းတယ်နော်… မနက်ဆိုရင် စိတ်က အလိုလိုပဲ နိုးလာတာ… ဒါပေမယ့် ကျွန်တော်က အိပ်ချင်ယောင် ဆောင်နေတာ… ဘာလို့လဲဆိုတော့ မဒီမိုးသောက်က အာဘွားနဲ့ နှိုးတာကို ခံချင်လို့… အဟီး… (ကိုကြီးနဲ့ ငယ်လေးတို့လိုလေ… :P)

ဒါက ကျွန်တော် ဘယ်လို နိုးထလာလဲ ဆိုတဲ့ အကြောင်းလေးပါပဲ… အခု ကျွန်တော့် အမြင်လေးကို ပြောပြချင်လို့ပါ… ကိုကြီးနဲ့ငယ်လေးက tag လာတော့ ဘာကို စဉ်းစားမိလဲ ဆိုတာလေးပါ… နိုးထလာခြင်းနဲ့ ပတ်သတ်ပြီးတော့ပေါ့နော်… ကျန်းမာရေး ရှုထောင့်ကပါ… လူတစ်ယောက်ဟာ မနက် စောစော ထသင့်ပါတယ်… ဒါ့အပြင် အိပ်ရေးလဲ ဝအောင် အိပ်သင့်ပါတယ်… စောစော ထနိုင်ဖို့ စောစော အိပ်သင့်တယ်လေ… စောစောထ၊ ကိုယ်လက် သန့်စင်၊ ပြီးတော့ အစား များများ စားပေး၊ ညနေစာ လျှော့စား… ဒါလေးတွေကို ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် မနက်တိုင်း မနက်တိုင်း နိုးထလာတဲ့အခါ စိတ်လက် ကြည်လင်ပြီး ခေါင်းရှင်းရှင်းနဲ့ အလုပ်သွားတဲ့ သူတွေ အတွက်လဲ အလုပ်အတွက်၊ ကျောင်းတက်ရမယ့် သူတွေ အတွက်လဲ ကျောင်းစာအတွက် စသဖြင့်ပေါ့နော်၊ စိတ်ကြည် ခေါင်းကြည်နေရင် ဖိအား ကင်းကင်း စိတ်လက် ရှင်းရှင်းနဲ့ သွားလာ လှုပ်ရှား နိုင်မယ်လို့ ထင်ပါတယ်… ကျွန်တော့် အမြင်လေးကို တင်ပြခြင်း ဖြစ်ပါတယ်…

(ကိုကြီးနဲ့ငယ်လေးရေ… ဒီပို့စ်လေးကို ခင်မင်မှု များစွာဖြင့် ရေးပေးပါတယ်နော… )

8 Comments:

  1. မီးမီးငယ် ရဲ့  ထည်ဝါချို said...
    သြော် ဒီလိုပိက်ယာထတယ်ပေါ့လေ
    မဒီမိုးသောက်က အာဝါးပေးမှတဲ့

    အားကျမခံချစ်ဆုံးကြီးကိုလဲ အဲမျိုးနှိုးခိုင်းရမယ်
    အဟီးးးးးးးးးးး
း)
    Sein Lyan Tun said...
    အာပုပ်နံ့နဲ့ ထတာလား
    ကြိုက်တယ်ပေါ့
    အဟားး
    Anonymous said...
    ကိုရှမ်းလေးတော့ လုပ်ပြီ...း)
    မနက်စောစောထတာ တစ်ကယ်လည်း စိတ်ကြည်လင်တယ်။ ဒါပေမယ့် အိပ်တာနောက်ကျတယ်... :P
    flowerpoem said...
    ကိုမိုးသောက်လည်းပေါ်ပြီ (ဟဲဟဲ ) နိုးတဲ့လူရှိတယ်နော် မိုက်တယ် ပျော်ရွင်ပါစေ
    စော၂အိပ်စော၂ ထဆိုတာလေးကကျန်းမာရေးနဲ့တကယ်ညီညွတ်ပါတယ်. ထောက်ခံပါတယ်အဲဒီအဆိုကို . . .
    မသက်ဇင် said...
    မိုးသောက်ရှမ်းလေးရေ---
    အိပ်ရာထနည်း လာဖတ်သွားပါတယ်--
    မေ့သမီး said...
    အဟမ်း အဟမ်း။ အိပ်ရာထတဲ့အကြောင်းရေးခိုင်းတာကို အကြွားကပါသေးတယ်။ အမြင်ကတ်တယ်။ (ကိုယ့်မှာမရှိလို့။)
    မိုးခါး said...
    အေးပါ
    နိုးတဲ့လူရှိတဲ့လူတွေတော့ ပြောအားရှိတာပေါ့
    :P
    မသက်ဇင် said...
    မိုးသောက်ရေ
    အဟောင်းပဲထပ်ဖတ်သွားပါတယ်
    ပျော်ရွှင်ပါစေ

Post a Comment



Newer Post Older Post Home