Blogger Template by Blogcrowds.

"ဆာမှစားပါ၊ ကောင်းပါသည်"

“ဖွားခမ်း… ဖွားခမ်းချက်တဲ့ဟင်းက…. ကောင်းလဲ မကောင်းဘူး…”
“သား… ဖိုးရှမ်း… သား ထမင်း စားတော့မလို့လား သား”
“သြော…ဟုတ်ကဲ့ဗျ… စားတော့မလားလို့….”
“သား… ဖွားခမ်း ပြောပြမယ်နော်… သေချာနားထောင် ဟုတ်ပြီလား…”
“ဟိုးရှေးရှေးတုန်းက တောင်ယာလုပ်တဲ့ ရှမ်းသားအမိ နှစ်ယောက်ရှိတယ်။ သူတို့ဟာ ဆင်းရဲကြရှာတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ နေ့တိုင်း သားဖြစ်သူက တောင်ယာသွား၊ အမေဖြစ်သူက ချက်ပြုတ် လျှော်ဖွတ် လုပ်စရာ ရှိတာတွေ လုပ်ရတယ်။ ပင်ပန်းတာပေါ့ သားရယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သားဖြစ်သူက တောင်ယာက အပြန် အိမ်ရောက်တော့ အမေဖြစ်သူကို ပြောတယ်။ သူ ဝက်သားဟင်း တအား စားချင်နေတယ်တဲ့။ အဲဒါ အမေ ချက်ပေးပါဦးတဲ့။ မစားရတာလဲ ကြာပြီတဲ့။ အဲဒီတော့ အမေက စိတ်မကောင်း ဖြစ်သွားတာပေါ့။ ဘာလို့လဲ ဆိုတော့ တောင်ပေါ်မှာ ဝက်ကသားက မရနိုင်ဘူးလေ။ ရွာထဲ သွားဝယ်မှ ဖြစ်မှာ။ သွားဖို့ကလဲ ဝေးနေတော့ ဝယ်ဖို့ကလဲ အဆင်မပြေဘူးပေါ့။ ဒါပေမယ့် အမေက သားကို ပြောလိုက်တယ်။ မနက်ဖြန် သား စားချင်တဲ့ ဝက်သားဟင်းထက် ကောင်းတာ စားရစေမယ်ပေါ့။ တစ်ခုတော့ရှိတယ်သားတဲ့။ ဘာလဲဆိုတော့ အမေ့ကို ကတိ တစ်ခုတော့ ပေးရမယ်သားတဲ့။ အဲဒါက သား မနက်ဖြန်မှာ ဗိုက်တအားဆာမှ ထမင်းစားရမယ်။ သား ကတိ ပေးနိုင်လားတဲ့။ အဲဒါနဲ့ သားကလဲ ဝမ်းသာအားရနဲ့ ကတိပေးလိုက်တယ်။ သူ တအားဆာမှ စားမယ်ပေါ့။
ဒီလိုနဲ့ နောက်တစ်ရက်ကို ရောက်တဲ့အခါမှာ အမေက စောစောထ ချက်ပြုတ်ပြီး သားအတွက် ထမင်းထုပ် ပြင်ပေးတယ်။ သားဖြစ်သူ တောင်ယာ သွားခါနီးမှာ ထမင်းထုပ် လှမ်းပေးပြီး ကတိကို မမေ့ဖို့လဲ သေချာ မှာလိုက်တယ်လေ။ ဒီလိုနဲ့ သားဟာ တောင်ယာမှာ တမနက်လုံး အလုပ်လုပ်တာပေါ့။ နေမြင့်လာတော့ ဗိုက်ဆာလာတယ်။ သူ့အမေကို ပေးထားတဲ့ ကတိကြောင့် သူ ဖွင့်မစားသေးဘူး။ နေပိုမြင့်လာတော့ ပိုဆာလာပြီ။ ဒီအချိန်မှာလဲ သူ မစားသေးဘူး။ နောက်တော့ နေမွန်းတည့်လာပြီး တောင်ယာလုပ်တော့ ပင်ပန်းတာရယ်ကြောင့် ဗိုက်က တအားကို ဆာလာရော။ သူ အရမ်းကို ဆာနေပြီဆိုတာ သိလိုက်တယ်။ အဲဒါကြောင့် သူ့အမေကို ပေးထားတဲ့ ကတိအတိုင်း အခုအချိန်မှာ စားတော့မယ်လို့ တွေးပြီး ထမင်းထုပ်ကို ဖွင့်လိုက်တယ်။
ထမင်းထုပ်ထဲမှာ ပါလာတဲ့ဟင်းက ဝက်သားမဟုတ်ဘူး။ ခရမ်းသီးနှပ်နဲ့ ပဲပုတ်ထောင်း နှစ်မျိုးပဲ။ ဒါပေမယ့် သားက အဲဒီအချိန်မှာ တအားဆာနေပြီ။ ဝက်သားလဲ သူ သတိမရတော့ဘူး။ သူ့အမေ ထည့်ပေးလိုက်တဲ့ ဟင်းနှစ်မျိုးနဲ့ ထမင်း စားလိုက်တာ အကုန်ပဲ။ တအား စားကောင်းတာပေါ့။ ခရမ်းသီး ချိုချိုနဲ့ ပဲပုတ်ထောင်း စပ်စပ်လေးက ခံတွင်း မြိန်စေတယ်လေ။ အဲဒီ ထမင်း တစ်နပ်က သူ့အတွက် တအားကို စားကောင်းခဲ့တာ။
အိမ်ပြန်ရောက်တော့ သားက အမေကို ပြောတယ်။ အမေ ချက်ပေးလိုက်တဲ့ ဟင်းက စားကောင်း လိုက်တာဗျာပေါ့။ ဝက်သားဟင်းနဲ့တောင် မလဲနိုင်ဘူးတဲ့။
အမေက အဲဒီအခါမှာ သားကို ပြောရော။ သား… ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဟင်း ကောင်းကောင်း၊ မကောင်းကောင်း ဆာမှသာ စားလိုက်ပါသား၊ တအားကောင်းတဲ့ ထမင်း တစ်နပ်ဖြစ်လာရော သားရေ… တဲ့။”
“ကဲ… သား… ဖိုးရှမ်းလေး… ကြားတယ်နော်သား… အခု သား တအား မဆာသေးလို့ ဖြစ်မယ်… ခဏနေမှ စား။ ဟုတ်ပြီလား။”
“ဒါဆို သားကို ဝက်သားရော၊ ခရမ်းသီးရော၊ ပဲပုတ်ရော ချက်ထားပေးကြည့်ကြည့်…. ကျက်ရင် လာစားမယ်နော်…”
“ရော်… ဒီကလေးနှယ်… ငါစိတ်ညစ်တာရော….”
“:P….”


ငယ်စဉ်က မွေးမိခင်နှင့် မခြား ကျွေးမွေးပြုစု စောင့်ရှောက် သွန်သင်ပေးပြီး ကျွန်တော် ဆိုးသမျှ ခံခဲ့သော မေတ္တာကြီးမားလှတဲ့ ဖွားလေးများဖြစ်သော ဖွားခမ်း၊ ဖွားညွှန့်၊ (ဖွားမေ၊ ဖွားသိန်း) တို့ကို ရှိခိုးကန်တော့ပါ၏။ ဒီပို့စ်လေး ရေးပြီး တတ်အားသမျှ ကျေးဇူးဆပ်ပါ၏။

(ကျွန်တော်တို့ ရှမ်းပြည် လေသံနဲ့ ပြောသလိုမျိုး ရေးထားပါတယ်… ကွန်ပြူတာရှေ့မှာ တစ်နေကုန် ထိုင်ပြီး လှုပ်ရှားမှု နည်းတော့ စားမကောင်း ဖြစ်နေကြတဲ့ တချို့သော Blogger ကိုကို၊ မမများ၊ နေ့နဲ့ည မှားပြီး ဂိမ်း ဆော့ကြတဲ့ ကိုကိုများ၊ ဟင်းဂျီးများတဲ့ ကျွန်တော့်ရဲ့ တချို့သော သယ်ရင်းများ၊ အလုပ်ပင်ပန်းကြတဲ့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ အားလုံး ဆာမှ စားကြည့်ကြည့်လိုက်ပါ… စားကောင်းပါလိမ့်မယ်… အဲ… အချိန်မှန်တော့ စားကြပေါ့နော်… စားကောင်းကြပါစေဗျာ…. :D)

17 Comments:

  1. Anonymous said...
    ကိုမိုးသောက် ပြောတာမှန်ပါတယ် အဆာလွန်ရင်တော့မကောင်းဘူးနော်...
    December Cinderella said...
    အာ .. ဒီကောင်လေးရေးရင် အဲ့ဒီအတိုင်းပဲ ..
    ဘာမှန်းလဲ မသိဘူး ..
    စားချင်လာပြီ .. ခရမ်းသီးနဲ့ ပဲပုတ်ထောင်း ..
    ဘယ်လိုလုပ်မလဲ ...
    comment ရေးရင်းနဲ့တောင်
    စားချင်လွန်းလို့ လက်တွေတုန်နေတယ် ...
    ဗိုက်ကလဲ ပိုဆာလာတယ် ..

    မဆင့်တော့မဆင့်
    ဒါပေမဲ့
    မေသန်းနုနဲ့ လုံးဝဆန့်ကျင်ဘက်
    မဆင့်
    Anonymous said...
    အော တို့အကိုကြီးကလည်း သူမလေးကိုအားကျလို့ ပုံပြောနေတာထင်ပါ့ ဟီ....
    ကောင်းကင်ပြာ said...
    ဗိုက်ဆာလို့လာတယ်နော်။ ဝက်သားနဲ့ ပဲပုပ်ပဲ စားသွားတယ်။ ခ၇မ်းသီးမကြိုက်လို့ မစားဘူး
    mgnge said...
    ဘာဂိမ်းဆော့တဲ့လူလည်း လာလာမထိခိုက်နဲ့ နော်..။
    :P
    သယ်ရင်ြးေ ပာတာ မှန်တယ်.။ မနက်အိပ်ယာနိုး မျက်လုံး ဖွင့်တာနဲ့ ချက်ဘောက်စ်လေး ဖွင့်တယ်.. ။ချက်စ်ဘောက် လေးလည်းလူ မရှိတော့ရော.. 9Dragon လေး ၀င်လိုက် ..။ အချိန်ကုန်မှန်းမသိ ကုန်သွားရော တစ်နေကုန်စာ ည မှပေါင်း စား..။အာပါးကောင်းလိုက်တာ.။
    အဲ့လို ပဲ အရမ်းဆာမှ စားတာ ......။ :D
    Anonymous said...
    ပဲပုတ်ထောင်းစားချင်နေတာနော်။။ဖတ်ရင်း တအားစားချင်လာတာ။:))
    မိုးခါး said...
    ဆာတိုင်းစားပါတယ် .. :D စားတိုင်းလည်း ၀င်ပါတယ် :P
    Welcome said...
    ဘာအစားအစာပဲဖြစ်ဖြစ်
    ဆာမှစားတာ အရသာအရှိဆုံးပါပဲ
    အဟာရလည်း ဖြစ်တာပေါ့နော်
    ကျွန်တော်တော့
    စက်ရှေ့မှာပုံပြီးစားတော့
    ဆာတဲ့စိတ်ပျောက်သွားပေမယ့်
    ဘာအဟာရမှ ရမှာ မဟုတ်ပါဘူး
    စိတ်က နက်ထဲရောက်နေလို့လေ အဟိ..
    Anonymous said...
    နောက်ဆို ဆာမှပဲ စားတော့မယ်နော်
    Sein Lyan Tun said...
    ဆာနေတုန်း စားရတာက ဘာဖြစ်ဖြစ်အရသာရှိပါတယ်..
    အဆာလွန်သွားရင်တော့ အရသာပျက်တတ်ပါတယ်နော်..
    ခရမ်းသီးနှပ်ကိုတော့ အသေကြိုက်တယ်..
    ခင်တဲ့
    Anonymous said...
    အင်း မေ ဒီရောက်ပြီး ကတည်းက ထမင်းကို သေသေချာချာ စားတယ်ရယ်လို့ မရှိဘူး
    ပြီးတော့ မေက ဆာတိုင်းလည်းမဝင်ဘူး
    ဘာလို့လဲမသိဘူး
    တခါတလေများ အမေနဲ့ အကို ချက်တဲ့ ဟင်းလေးများစားလိုက်ရရင်ဖြင့်ဆိုပြီးတောင့်တောင့်တတဖြစ်တယ်
    မြန်မာပြည်ပြန်ရောက်မှပဲ အတိုးချပြီး မိန်ရေယှက်ရေစားတော့မယ်
    ကိုရှမ်းလေးရေ
    Anonymous said...
    မြိန်ရာဟင်းကောင်းတဲ့

    နေ့ နဲ့ ညမှားတဲ့အထဲမှာတော့ ပါသေးဘူး ;P

    မိုးခါးပြောသလိုပါဘဲ
    ဆာမှစားတယ် စားတိုင်းဝင်တယ် ဒီတော့ဝတယ် ပြီးတော့ပိန်ဆေးသောက်တယ် ၃ရက်မြောက်မှာ ဆေးရုံရောက်တယ်။
း(
    ရွှေပြည်သူ (ShwePyiThu) said...
    အစ်မတော့ အဲဒီနည်းသုံးနေတာ ကြာပြီမောင်လေး မိုးသောက်ရေ... စားလို့ဝင်အောင်...း) အမေရင်းနဲ့မခြား ပြုစုယုယခဲ့တဲ့သူတွေကို ကန်တော့ပြီးရေးတဲ့ ဒီပို့စ်လေးကို တန်ဖိုးလည်း ထားမိပါတယ်။ အစ်မမှာလည်း အဲဒီလို အဒေါ်တစ်ယောက်ရှိလို့ပါ...
    မသက်ဇင် said...
    ""ဆာမှစားပါ၊ ကောင်းပါသည်""

    လာဖတ်သွားပါတယ်--
    မှန်တာပေါ့ကွယ်--
    ပျော်ရွှင်ပါစေ---
    My Diary said...
    ရှမ်းလေး မှန်၏
    တစ်ခါခါ နေ့ ည မှား၏
    နက်ရှေ့ထိုင် ထမင်းမစား နေနိုင်၏
    Anonymous said...
    အဲဒီစကားကို လူကြီးတွေအမြဲပြောကြတယ်။ ဆာမှစားရင် ဘာနဲ့ဖြစ်ဖြစ်စားကောင်းတယ်တဲ့။ မေ့သမီးအတွက်တော့ အဲဒါသိပ်မမှန်ဘူးသိလား။ ကိုယ်မကြိုက်တဲ့ဟာဆို ဗိုက်အအောင့်ခံတယ။် အငတ်ခံတယ်။ (အီသီယိုပီးယားတို့ဘာတို့မှာလို မငတ်ဘူးသေးလို့လားတော့ မသိဘူး) :P
    မိုးသောက်(ရှမ်းလေး) said...
    လာရောက်အားပေးသွားတဲ့ကြတဲ့ သယ်ရင်း၊ ညီအစ်ကို၊ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်... ကျွန်တော်ကတော့ ဖွားခမ်းပြောတဲ့ ပုံပြင်လေး ကြားပြီးကတဲက ဆာမှ စားတော့တာ... :D

Post a Comment



Newer Post Older Post Home