ဒီနေ့ဟာ ကျွန်တော်(ရှမ်းလေး)မိုးသောက်ရဲ့ မွေးနေ့ဖြစ်ပါတယ်…. မိဘနှစ်ပါးရဲ့ ကျွေးမွေးပြုစုသင်ကြားမှု၊ ဆရာသမားတွေရဲ့ သင်ပြမှုတွေကိုနာခံရင်း ပျော်ရွှင်ရတဲ့ နေ့ရက်များရော၊ မပျော်ရွှင်ရတဲ့ နေ့ရက်များပါ ဖြတ်သန်းခဲ့တာ အခုဆိုရင် (၂၆)နှစ်ရှိခဲ့ပါပြီ…. ဒီနေ့မနက် ဘုရားရှိခိုးပြီး ဆုတောင်းမိတယ်… “ဘဝတလျှောက်လုံးမှာ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို အသက်ထက်ဆုံး သယ်ပိုးထမ်းရွက်နိုင်သူဖြစ်ရပါလို၏” လို့ဆုတောင်းခဲ့တယ်…. “မရှိ၍ တကယ်လိုအပ်နေသူများကို ကူညီပေးနိုင်သောသူဖြစ်ရပါလို၏” လို့လဲဆုတောင်းခဲ့ပါသေးတယ်…. ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘတို့ကို စိတ်ထဲမှ ရည်စူးပြီး ရှိခိုးကန်တော့ပါတယ်... မြတ်စွာဘုရားကို သစ်သီးဆွမ်းနဲ့ အအေးကပ်ပါတယ်….
တခြားတော့ ထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး… (ချစ်သူဆီကိုတော့ ဖုန်းဆက်ဦးမှာပေါ့… :P) သူငယ်ချင်းတွေနဲ့ ညနေစာကို ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ဖို့တော့ စီစဉ်ထားတယ်… မိုးသောက်ရဲ့ Blog(ဟိုမရောက် ဒီမရောက် blog လေး) ကိုလာဖတ်ကြတဲ့ သူငယ်ချင်းများ၊ အစ်ကိုများ၊ အစ်မများကိုလဲ ပစ်မထားပါဘူး…. မုန့်ကျွေးမှာပေါ့… စားလိုက်ကြဦးနော်… ပြီးရင် ရေခဲသေတ္တာထဲမှာ ကိုကာကိုလာတွေ ကြိုက်သလောက်သောက်လို့ရပါတယ်… အားမနာပါနဲ့နော….
Labels: အတွေး
မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ကိုလာသောက်သွားတယ်
အမှတ်တရအနေနဲ့ ဆုတောင်းပေးသွားတဲ့သူတွေ၊ cbox ထဲမှာ ရေးသွားတဲ့သူတွေရဲ့ comments တွေကို ဒီမှာ ဖော်ပြလိုက်ပါတယ်....
မေဒီဇာ: အယ်... မိုးသောက်ရဲ့မွေးနေ့တောင် ရောက်လာပြီ။ ပျော်ရွှင်ဖွယ် မွေးနေ့ပါ မိုးသောက်ရေ...
မေဒီဇာ: HAPPT BIRTHDAY TO YOU...
ညခင်းရဲ့လမင်း: မွေးနေလေး ကိုလာခဲ့ပါတယ်။ ပျော်ရွှင်စွာချစ်သူနဲ့ထာဝရလက်တွဲနိုင်ပါစေ
ဝှိုက်: ပြန်လိုက်လာတာ မွေးနေ့ပွဲနဲ့ကြုံနေတယ် မွေးနေ့မှာပျော်ရွှင်ပါစေရှင်
ဒေါင်းမင်း: မွေးနေ့ပွဲလဲမဖိတ်ဘူး
ဒေါင်းမင်း: မဖိတ်လဲလာစားသွားတယ်
ကြယ်စင်က: ဒီက မုန့်တွေလာစားသွားတယ်။ ကော်ဖီလာသောက်ပါဦးလား ..
ချင်းမလေး: လာလည်ပါတယ်မိုးသောက်ရေ.. မုန့့် တွေစားသွားတယ်နော်....