Blogger Template by Blogcrowds.

လွမ်းတယ်ချစ်သူ


ကမ္ဘာတစ်ခြမ်းစီမှာ
ကိုယ်ကလည်း သူ့ကိုလွမ်းလို့ ….
သူကလည်း ကိုယ့်ကိုလွမ်းလို့ ….
(အဲသလို)
အလွမ်းတွေကို တံတားထိုးရင်း
“ တစ်နေ့နေ့” ဆိုတာတွေ
စိုက်ပျိုးဖြစ်ခဲ့ ………
မျှော်လင့်ခြင်းသစ်ပင်
အမြန်ရှင်သန်ထမြောက်ပါတော့….


(ကဗျာရေးတဲ့သူကိုမသိပါဘူး... ကျွန်တော်နဲ့ တိုက်ဆိုင်နေတော့ စိတ်ထဲထိသွားလို့... ချစ်သူတိုင်း မဝေးကြပါစေနဲ့ဗျာ...)

အချစ်မိုးလေဝသအထူးသတင်း

အချစ်သက္ကရာဇ် ၁၅ဝဝပြည့်နှစ်
  • အချစ်လဆန်း ၁ ရက်နေ့ တိုင်းတာချက်အရ နှလုံးသားမြို့ကို ဗဟိုပြု၍ ချစ်သူအနီးတဝိုက်တွင် အချစ်မုန်တိုင်းတစ်ခု အားပြုလျက်ရှိပါသည်။
  • ထိုမုန်တိုင်းသည် ပိုမိုအားကောင်းလာကာ အသဲကမ်းရိုးတန်း တလျှောက်နှင့် ရင်ဘတ်ပင်လယ်ပြင်တို့တွင် အချစ်လေပြင်းများ ကျရောက်ပြီး ဝေဒနာလှိုင်းကြီးနိုင်ပါသည်။
  • အချစ်လေပြင်းကျစဉ် ရင်ခုန်နှုန်း အတိုင်းအတာသည် တစ်စက္ကန့်လျှင် အကြိမ်၁၅ဝဝအထိ ပြင်းထန်နိုင်ပါသည်။
အချစ်ဇလဗေဒဦးစီးဌာန

(Forward mail တခုမှပြန်လည်ဖော်ပြထားတာပါ... နဲနဲလေးပြင်ရေးထားပါတယ်...)

ချစ်သူသို့ (၃) ......


ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။

အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။

မောင်စိန်ဝင်း-ပုတီးကုန်း


ချစ်သူနှင့် အလွန်ဝေးကွာနေသည့်အရပ်သို့ ရောက်နေတဲ့ ကျွန်တော့်အတွက် ရင်ထဲထိသွားတဲ့ ကဗျာလေးတပုဒ်ပါ… ကျွန်တော့်လိုပဲ ဝေးကွာနေကြတဲ့ချစ်သူတွေ ဖတ်မိပြီး ရင်ထဲကို တခုခုရောက်သွားရင် ကျွန်တော်ကျေနပ်ပါတယ်…
ချစ်သူတိုင်း ဝေးကွာရတဲ့ အဖြစ်ဆိုးမျိုးမှ ကင်းလွတ်ကြပါစေ….

(ဆရာ ဦး(မောင်စိန်ဝင်း-ပုတီးကုန်း)အား ခွင့်မတောင်းပဲ ဖော်ပြမိတဲ့အတွက် ဆရာ ကျွန်တော့်ကို ခွင့်လွတ်ပေးပါခင်ဗျာ…)

မာသာထရီဆာ ပြောခဲ့တဲ့စကားလေးပါ….

“ If we cannot love the person whom we see, how can we love god, whom we cannot see? “

“ တကယ်လို့ ကျွန်ုပ်တို့ဟာ အခု မြင်နေရတဲ့သူကိုမှ မချစ်ခင်ရင် မမြင်ရတဲ့ ဘုရားသခင်ကို ဘယ်လိုလုပ် ချစ်ခင်နိုင်မလဲ “
အဓိပ္ပါယ်က ရှင်းရှင်းလေးနဲ့ ထိရောက်လှပါတယ်… အမှန်ပါပဲ… သင့်ရဲ့ ပါတ်ဝန်းကျင်ကလူတွေကို ချစ်ခင်နှစ်သက်တဲ့စိတ်နဲ့ ကြည့်လိုက်ပါ… သင့်ရဲ့ စိတ်တွေကြည်လင်လန်းဆန်းလာပါလိမ့်မယ်…
“ ချစ်တယ် “ လို့ပြောဖို့ အချိန်စောသေးတယ်ဆိုတာ ဘယ်သောအခါမှ မရှိဘူးလို့ သတိပေးလိုက်ပါတယ်နော်....

အမုန်းတရားတွေ ကင်းဝေးပါစေ….

ချစ်သူသို့ (၂) ......



" In my mind,
i always want to think about you
in my hope,
i want to be with you
in my dream,
i want you to be my angle
but in my life,
i don't want to live without you."

LOVE COMES FIRST (အချစ်အရင်လာပါ)

LOVE COMES FIRST ဆိုတဲ့ ဝတ္ထုတိုလေးကို ဘာသာပြန်ထားတာပါ။ သူငယ်ချင်းတယောက် ဘာသာပြန်ထားတာလေးပါ။ သူက ဒါကို ဖတ်ပြီးပြီးချင်းပဲ ချက်ချင်းဘာသာပြန်လိုက်တာ။ ခံစားကြည့်ပါဦး။ အရမ်းမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မရှိမဖြစ်လိုအပ်တာပါ။ လူတွေအားလုံးရဲ့ လိုအပ်ချက်လေးကို ထိထိမိမိရေးထားတယ်လို့ မြင်ပါတယ်…

နေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာပေါ့။
အမျိုးသမီးကြီး တစ်ယောက်ဟာ သူ့အိမ်ထဲကနေ အထွက်မှာ ရှည်လျားဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးတွေနဲ့ အဘိုးအို သုံးယောက် သူ့ရှေ့မလှမ်းမကမ်းမှာ ထိုင်နေကြတာတွေ့ခဲ့ရတယ်။ သူမ သူတို့ကို မမှတ်မိပါဘူး။ ဒါပေမယ့် သူမက သူတို့ကို နှုတ်ဆက်လိုက်ပါတယ်။

ကျွန်မရှင်တို့ကို သိတယ်လို့တော့ မထင်မိဘူး။ ဒါပေမယ့် ရှင်တို့ကြည့်ရတာ ဘာမှမစားရသေးဘူးနဲ့တူတယ်။
အိမ်ထဲကိုဝင်ပြီး တစ်ခုခု စားကြပါဦးလား။

သူတို့တွေက ပြန်မေးကြတယ်။

အိမ်ထဲမှာ ယောကျာင်္းသားတစ်ယောက်ယောက်များရှိသလား မိန်းကလေး။

ဟင့်အင်း ... မရှိပါဘူးရှင်။ သူအပြင်ထွက်သွားပါတယ်။

လို့ အမျိုးသမီးက ပြန်ဖြေတယ်။ အဲဒီတော့ အဘိုးအို သုံးယောက်ကလည်း ....

ဒါဆိုရင်တော့ ကျုပ်တို့ဝင်လို့ မဖြစ်သေးဘူး။

လို့ ပြန်ဖြေလိုက်ကြတယ်။ ညနေစောင်းလို့ သူ့ခင်ပွန်းအိမ်ကို ပြန်လာတဲ့ အချိန်ကျတော့ အမျိုးသမီးက မနက်ကအဖြစ်အပျက်အကြောင်း သူ့ခင်ပွန်းကို ပြန်ပြောပြခဲ့တယ်။
အဲဒီတော့ ခင်ပွန်းလုပ်တဲ့ သူက ....

ဒါဆိုလည်း အခုငါအိမ်ပြန်ရောက်ပြီလို့ ထွက်ပြောပြီး သူတို့ကို အိမ်ထဲဝင်ဖို့ ဖိတ်လိုက်လေကွာ။

လို့ သူ့မိန်းမကို တိုက်တွန်းလိုက်တယ်။ ဇနီးလုပ်တဲ့ သူကလည်း အိမ်အပြင်ကိုထွက်ပြီး အဘိုးအို သုံးယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဘိုးအို သုံးယောက်က ဘာပြန်ပြောလဲ ဆိုတော့ ....

တို့ သုံးယောက်က အိမ်တစ်အိမ်ထဲကို အတူတူတွဲပြီး ဝင်လို့မရဘူး ကလေးမရဲ့။

လို့ဆိုကြတယ်။ အဲတော့ အမျိုးသမီးက ....

ဘာဖြစ်လို့လဲ ရှင့်။

လို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အဘိုးအို သုံးယောက်ထဲက တစ်ယောက်က ထွက်လာပြီး ....

ကလေးမ ... ငါ့နာမည်ကတော့ ဦးကြွယ်ဝ လို့ခေါ်တယ်။

ပြီးတော့ ကျန်တဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုပါ တစ်ယောက်တစ်လှည့်စီ လက်ညှိုးထိုးပြပြီး ....

သူ့နာမည်ကတော့ ဦးအောင်မြင် နဲ့ သူကတော့ ဦးချစ်သူ….

လို့တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီး တစ်ဆက်တည်းမှာပဲ ....

ကဲ ကလေးမ ညည်းအိမ်ထဲကို ပြန်ဝင်ပြီး ငါတို့ သုံးယောက်ထဲက ဘယ်သူ့ကို ဖိတ်မှာလဲ ဆိုတာ ညည်းခင်ပွန်းနဲ့ တိုင်ပင်လိုက်ပါဦး။

လို့ ပြောလိုက်တယ်။ အမျိုးသမီးလည်း အိမ်ထဲကို ပြန်ဝင်သွားပြီ သူ့ယောကျာင်္းကို အကြောင်းစုံပြောပြတယ်။ အဲဒီမှာ သူ့ယောကျာင်္းက အရမ်းကို ပျော်သွားပြီး ....

ဟား ..... ဘယ်လောက်များကောင်းလိုက်လဲ မိန်းမရေ .... ဒီလိုဆိုရင်တော့ ဦးကြွယ်ဝကိုပဲ တို့တွေဖိတ်လိုက် ကြရအောင် .... သူ့ကိုအိမ်ထဲ ဖိတ်ပြီး တို့တစ်အိမ်လုံးကို ကြွယ်ဝပြည့်စုံမှုတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ကြတာပေါ့။

လို့ အကြံပြုလိုက်တယ်။ ဒါပေမယ့် မိန်းမလုပ်တဲ့သူက သဘောမတူပါဘူး။ သူ့ယောကျာင်္းရဲ့ ထင်မြင်ချက်ကို သူမကလည်း သူ့အတွေးနဲ့ တုံ့ပြန်လိုက်ပါတယ်။

အကိုကလည်း .... ဘာလို့ ဦးအောင်မြင် ကိုကျတော့ မဖိတ်ချင်ရတာလဲ။

အဲဒီအချိန်မှာ အိမ်ရဲ့ ထောင့်တစ်နေရာမှာ ရပ်ပြီး အကြောင်းစုံကို နားထောင်နေတဲ့ ချွေးမလုပ်တဲ့သူက သူ့အတွေး နဲ့ စကားဝိုင်းထဲကို ဝင်ပြီး အကြံပေးလိုက်ပါတယ်။

ဦးချစ်သူ ကို ဖိတ်ရင်ရော မကောင်းဘူးလား အမေ။ သူ့ကိုသာ ဖိတ်လိုက်ရင် သမီးတို့ တစ်အိမ်လုံး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်လွှမ်းပြီး အရမ်းပျော်ဖို့ကောင်းသွားမှာ .. တဲ့။

ချွေးမလုပ်တဲ့သူရဲ့ စကားကို ကြားရပြီးတဲ့နောက်မှာ ယောကျာင်္းလုပ်သူက သူ့မိန်းမကို .....

ဒီလိုဆိုရင်လည်း တို့သမီးရဲ့ စကားကိုပဲ အတည်ပြုလိုက်ကြရအောင်ကွာ .... ကဲမိန်းမရေ .... အပြင်ထွက်ပြီး ဦးချစ်သူကိုပဲ တို့ဧည့်သည်အဖြစ်နဲ့ အိမ်ထဲကို ဖိတ်ခဲ့ပါတော့။

လို့ ပြောလိုက်တယ်။ မယားဖြစ်တဲ့ သူလည်းအပြင်ကိုထွက်သွားပြီး အဘိုးအို သုံးယောက်ကို ....

ရှင်တို့ထဲက ဘယ်သူက ဦးချစ်သူလဲ .... သူ့ကို ကျွန်မတို့ရဲ့ ဧည့်သည်အဖြစ်နဲ့ ဧည့်ခံဖို့ အိမ်ထဲကို ဖိတ်ပါတယ်ရှင်။

လို့ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဦးချစ်သူ ဆိုတဲ့သူထလာပြီး အိမ်ထဲကို ဝင်ဖို့ ခြေလှမ်းပြင်လိုက်တယ်ဆိုရင်ပဲ ကျန်တဲ့ အဘိုးအိုနှစ်ယောက်ကလည်း ထလာပြီး သူ့နောက်ကနေလိုက်ဝင်ဖို့ ဟန်ပြင်လိုက်တာကို အဲဒီ့အမျိုးသမီး တွေ့လိုက်ရတယ်။ အမျိုးသမီးလုပ်တဲ့ သူလည်း အံ့အားတသင့်နဲ့ .....

ကျွန်မဖိတ်တာ ဦးချစ်သူတစ်ယောက်တည်းပါ .... ရှင်တို့က ဘာလို့လိုက်လာရတာလဲ။

လို့ ဦးကြွယ်ဝ နဲ့ ဦးအောင်မြင် ကို မေးလိုက်တယ်။ အဲဒီအခါမှာ အဘိုးအို သုံးယောက်လုံးက တညီတညာတည်း နဲ့ ......

ကလေးမ .... မင်းကသာ ဦးကြွယ်ဝ ဒါမှမဟုတ် ဦးအောင်မြင် တစ်ယောက်ယောက်ကိုများ ဖိတ်ခဲ့မယ်ဆိုရင် ကျန်တဲ့ နှစ်ယောက်က အပြင်မှာ နေကိုနေခဲ့ရလိမ့်မယ်။ ဒါပေမယ့် အခုမင်းက ဦးချစ်သူကို ဖိတ်ခဲ့တာမို့လို့ သူဘယ်နေရာကိုသွားသွား ငါတို့က တူတူ လိုက်ရတော့မှာပေါ့။

"အချစ်ဆိုတဲ့အရာက ဘယ်နေရာမှာပဲရှိရှိ၊ သူရှိတဲ့ နေရာမှာ အောင်မြင်မှုနဲ့ ချမ်းသာမှုက ရှိစမြဲပဲလေ..."

လို့ပြောလိုက်ကြတယ်တဲ့။


There are only 4 questions
but the results are very interesting.
I was kind of shocked by what some of my answers meant.
Be honest and honor
what pops into your mind
when the questions present themselves.

အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းလေးတွေပါ။ ဝင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ တိဗက်က နိုဗယ်ဆုရထားတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားက စမ်းသပ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။ သင့်ကို ပျော်ရွှင်ဖွယ် စိတ်လှုပ်ရှားမှုတခုခုပေးနိုင်မှာပါ…
အနီရောင်ပြထားတဲ့ ဒီ link လေးကို ဝင်ကြည့်နိုင်ပါတယ်….

Newer Posts Older Posts Home